မင်းကိုနမ်းချင်လို့-(2)

1.1K 63 44
                                    

အခန်း(၉၅)

Part(2)

" ဒီထက်ပိုတာတွေကိုတောင်ခွင့်ပြုခဲ့သေးတာပဲ " ဆိုသည့်စကားကို Black ကနှစ်ကိုယ်ကြားလေးသိအောင် ပြောလိုက်သည်။
ထိုအခါ Dark ကနမ်းနေတာကို ခေတ္တရပ်တန့်လိုက်ပြီး Black ကိုယ်ပေါ်ကနေဖယ်ခွာဆင်းသည်။
ပြီးလျှင် ဆိုဖာပေါ်၌ ပက်လက်လေးဖြစ်နေသူကို တယုတယကောက်ပွေ့လိုက်ပြီး အခန်းထဲကနေလျှောက်ထွက်သည်။

Dark တစ်ယောက် ဆိုဖာပေါ်မှာပဲ ကိုယ့်ကိုဆက်နမ်းသွားမယ်လို့ ထင်ထားသည့်အတွက် Black ကသူ့လည်ပင်းများကို တင်းကျပ်စွာဖက်တွယ်လိုက်ပြီး...

" ဘယ်သွားမလို့လဲ "

" ကိုယ်တို့ရဲ့အိပ်ခန်းဆီကိုပေါ့ "

Black ဆီကနောက်ထပ်စကားတစ်ခွန်း ထပ်မထွက်နိုင်ပင်မှာပင် သွက်လက်သော Dark ၏ ခြေလှမ်းကြဲများက အိပ်ခန်းအတွင်းသို့ရောက်ရှိသွားပြီဖြစ်သည်။
Dark ကကိုယ့်ယောကျာ်းဖြစ်သည်မို့ သူလိုအပ်လာသည့်အချိန်တိုင်း အရမ်းကြီးငြင်းဆန်နေလို့မဖြစ်။
မဟုတ်ရင် ကိုယ့်ဘက်ကအရမ်းလူမှန်းမသိရာကျသွားလိမ့်မည်။

ပြီးခဲ့သည့် ကာလတစ်လျှောက်လုံးမှာလည်း ကိုယ့်အပေါ် အမြဲဂရုစိုက်ပေးခဲ့သူက Dark တစ်​ယောက်သာဖြစ်သည်။

ဒါ့အပြင် Dark ဆိုသည့်လူသားက ကိုယ့်အပေါ်အများကြီး တောင်းဆိုခဲ့တာမျိုးမရှိသည့်အတွက်ပိုပြီးတောင် လိုက်လျောပေးသင့်သည်မဟုတ်ပါလား။

မငြင်းသင့်ဘူးဆိုတာကို သိပေမယ့်လည်းမနက်ဖြန်ခန့်မွေးနေ့ကိုသွားစရာရှိသည့်အတွက် Black မှာကြံရာမရဖြစ်သွားပြီး...

" ရေမချိုးရသေးဘူးလေ နမ်းရုံလောက်ပဲလုပ်ပါ မရပ်နိုင်ဘူးဆိုတာကို သိပေမယ့် နောက်နေ့မှပဲ... အင့် "

" ပြွပ်စ်...! "

ဆက်ပြောမည့်စကားလုံးများက Dark ၏ကြမ်းရှသောအနမ်းများအောက်တွင်အလုံးစုံ ပျောက်ကွယ်သွားသည်။
ကျောပြင်နှင့်ထိစပ်သွားသော မွေ့ယာ၏ အထိအတွေ့ကြောင့် ကိုယ့်ဘက်က ဘယ်စကားကိုပဲဆိုဆို အရာမရောက်တော့ဘူးဆိုတာက ပိုပြီးသေချာသွားသည်။

Dark's Black _ Season(2) *{Completed}*Where stories live. Discover now