မမြင်ခဲ့လို့လေ

1K 61 1
                                    

အခန်း(၆၆)

" ဘုရား...! "

အနားရောက်မှဖျတ်ခနဲဖွင့်ချလာသည့် ကားတံခါးကြောင့် ယွန်း ကအနောက်ဘက်ကိုခုန်ရှောင်မိလိုက်သည်။ဘယ်ရမလဲ...
ဒီခေတ်ကြီးထဲမှာယခုလို နေ့ခင်းကြောင်တောင် လူရှုပ်နေသည့်အချိန်အခါကြီး ကားထဲဆွဲသွင်းကာပြန်ပေးဆွဲတတ်တဲ့လူတွေရှိနေသေးတာပဲ။
သတိထားရမှာပေါ့...

" ဘာဖြစ်တာလဲဟ "

ကြားလိုက်ရသည့်အသံကြောင့်ကိုယ်ထင်ထားသလိုမဟုတ်မှန်း ယွန်း ကသိလိုက်သည်။
ဒါ့အပြင်နေကာမျက်မှန်ကိုဆွဲချွတ်ရင်း ကားထဲကနေထွက်လာသည့် Black ကိုမြင်လိုက်ရသည့်အခါ...

" အမလေး...လန့်လိုက်တာ Black ရယ် "

" ဆောရီး...နင့်ကိုမြင်လို့ အလောတကြီးဖွင့်လိုက်မိတာ "

" ဂျိန်း... !"

Black ကကား၏အရှေ့တံခါးကိုပိတ်ပြီး ယွန်း ကိုလှည့်ပြုံးပြလိုက်သည်။
ပြီးမှ ကား၏အနောက်ဘက်ခန်းဆီသို့လျှောက်သွားကာ သစ်သီးခြင်းနှင့်အလှပန်းစည်းတစ်ခုကို
ဖွင့်ယူလိုက်သည်။

" ဒါလည်းဒါပေါ့ဟယ် ဖြည်းဖြည်းလည်းလုပ်ပေးပါနောက်ဆို "

သူလန့်သွားတာကို Black ကအစအဆုံးမြင်လိုက်သည်မို့ ယွန်း ကအရှက်ပြေပြောနေခြင်းဖြစ်သည်။
Black ကလည်းတမင် ကိုးရိုးကားယား ဖြစ်အောင်ရည်ရွယ်လိုက်တာမျိုးမရှိသည်မို့...

" နင့်ဘာသာခုန်ချင်နေတာလေ... ပါကင်ထဲမှာအခြားလူတွေလည်းရှိနေတာ ဘာဖြစ်မှာမို့လို့လဲ...ရူးတာက "

" မကောင်းဆိုးဝါးလေး "

Black မကြားအောင်ယွန်းကအသံတိတ်ဆဲရေးနေလိုက်သည်။အကြည့်တွေကတော့ Black ယူနေသည့် ပစ္စည်းတွေမှလုံးဝမခွာ။
ဒီနှစ်ယောက်မူပျက်နေတာကို သတိထားနေမိတာကြာပြီ။
ခန့် ဆိုတဲ့အကောင်ကလည်း ဘာမေးမေး မသိဘူးကြီးသာငြင်းနေခဲ့တာဖြစ်သည်။
အရင်တစ်ခါကိုယ့်အိမ်မှာ Black တစ်ယောက်မူးရူးနေခဲ့တုန်းက ဘာကိစ္စကြောင့်ဆိုတာကို ယခုထိမသိရသေး။
Black ကိုမေးရင်လည်း ဝေ့လည်ကြောင်ပတ်နှင့် ဘာမှဖွင့်ပြောမှာမဟုတ်။
Black ကယူစရာရှိသည့်ပစ္စည်းတွေကို ယူပြီးတာနှင့် ယွန်းဘက်သို့ပြန်လှည့်လိုက်ကာ...

Dark's Black _ Season(2) *{Completed}*Where stories live. Discover now