ဒီမှာပဲမိုးလင်းတော့မှာလား

1.2K 75 0
                                    

အခန်း(၆၄)

Dark က Black ဆွဲယူသွားသည့် ဆေးလိပ်ကိုထိုင်နေရက်ကလှမ်းယူသည်။
Black ကအနောက်ဘက် မရောက်တရောက်နေရာ၌ဘေးတစောင်းလေးရပ်နေခြင်းဖြစ်သည်။
ထို့ကြောင့် Dark ၏လက်ကဆန့်ထုတ်လာသည်နှင့် ဆေးလိပ်ကိုင်ထားသည့်လက်အား Black ကကျောနောက်ဘက်သို့ ပစ်ထားလိုက်သည်။

Dark ကမတ်တပ်ထရပ်ပြီး လှမ်းယူဖို့ကြိုးစားလျှင် Black ကသူ့ပုခုံးကိုပြန်တွန်းချလိုက်၏။
တွန်းလိုက်သည့်အားကမပြင်းသော်ငြားလည်း Black ကိုမဆန့်ကျင်ချင်သောကြောင့် Dark ကနေရာမှာတင်ပြန်ထိုင်နေလိုက်သည်။
ပြီးမှ Black ကိုင်ထားသည့်ဆေးလိပ်ကို လက်ညွှန်ပြလိုက်ပြီး...

" ဒီတစ်လိပ်ထဲပါ "

Black က ဟွန့် ခနဲမဲ့ချလိုက်ပြီး Dark ၏မျက်နှာရှေ့သို့ ခေါင်းကိုငုံ့ချလိုက်သည်။
နီးကပ်လာသည့်မျက်နှာလေးကြောင့် Dark ၏မျက်ဝန်းများကချက်ချင်းဆိုသလိုမှေးစင်းကျသွားသည်။
ဘယ်အချိန်ပဲကြည့်ကြည့် မြတ်နိုးမဝသော ချစ်ရသူ၏မျက်နှာအစိတ်အပိုင်းတိုင်းကို လေ့လာချင်သောကြောင့်...

Black ကတော့ဆေးလိပ်ကိုင်ထားသည့် လက်အားစားပွဲ၏ဘေးအစွန်းသို့ထောက်ချလိုက်သည်။
ထိုအခါမော့ကြည့်နေသည့် သူ့မျက်နှာချောချောကို အနီးကပ်ကြီးငုံ့ကြည့်နေသလိုမျိုးဖြစ်သွားကာ...

" ငါပြောတာဆေးလိပ်ကိုပဲမဟုတ်ဘူး Dark... "

တစ်ဝက်ထိအောင်လျှော့ကျနေပြီဖြစ်သည့် ဝိုင်ပုလင်းကို Black ကငေးကြည့်ပြီးပြောသည်။
Dark ကိုယ်တိုင်လည်း တစ်ချက်တော့ငဲ့စောင်းကြည့်လိုက်ပါသည်။
သို့သော် ဘာဖြေရှင်းချက်မှမပေးတော့ဘဲ Black ၏မျက်နှာလေးကိုသာ ပြန်လှည့်ကြည့်၍...

" အဟွန်း... "

စွဲမက်စရာအပြုံးတစ်ပွင့်ကြောင့် ရင်ဘတ်ထဲမှာ ပြိုင်ကားဆယ်စီးလောက်ကမောင်းထွက်သွားသည်။
မဆိုးဘူး...
တည်ငြိမ်တတ်တဲ့နေရာမှာတော့ ကိုယ်ကဆရာပြန်ခေါ် ရလောက်သည်။
အမှန်ဆို "ငါတို့နှစ်ယောက်ရဲ့ပထမဆုံး date လေးကိုမင်းဘက်က အရင်ပျက်စီးအောင်လုပ်လိုက်တာ...မင်းငါ့ကိုချစ်တယ်ဆိုတာဟုတ်ရောဟုတ်ရဲ့လား Black " ဆိုပြီးထပေါက်ကွဲသင့်တာ။
သူ့နေရာမှာကိုယ်သာဆို အနည်းဆုံး နှစ်ပွဲလောက်ကထကြမ်းပြီးပြီ။
သူကတော့ ကိုယ်နဲ့ပြောင်းပြန်။
စီးကရက်တွေကိုသာ တစ်လိပ်ပြီးတစ်လိပ် စွတ်သောက်နေခဲ့လျက် ကိုယ့်ကိုယ်ကိုရောဂါတွေပေးနေခဲ့သည်။

Dark's Black _ Season(2) *{Completed}*Where stories live. Discover now