ကိုယ်သွားမယ်နော်

926 60 2
                                    

အခန်း(၈၁)

ဒီမှာတော့မဖြစ်ဘူး ...လို့ Black ကပြောလာခဲ့လျှင် Dark ကချက်ချင်းကို Bathtub ထဲကနေထွက်သည်။
Black ကဆက်ပြောချင်သည့်စကားကို ပြောရင်ကောင်းမလား မပြောရင်ကောင်းမလားလို့ စဥ်းစားနေမိသည်။

ထိုကဲ့သို့စဥ်းစားနေစဥ်မှာပင် ကိုယ့်တစ်ကိုယ်လုံးကို Bathtub ထဲကနေပွေ့ချီထုတ်လာသည့် Dark ကြောင့် Black မှာသူ့လည်ပင်းကိုအလန့်တကြားဖက်တွယ်လိုက်ရသည်။
တစ်ဆက်တည်း သူ့မျက်နှာကိုမော့ကြည့်လိုက်မိလျှင် ခံစားချက်မှန်သမျှကိုသိမ်းဆည်းပစ်လိုက်ပုံရသည့် တည်တင်းတင်းမျက်နှာထားကြောင့်
ချက်ချင်းမျက်နှာကိုပြန်လွှဲလိုက်ရသည်။

ထိုစဥ်မှာပင် Black သိလိုက်တာတစ်ခုက ကိုယ်ပြောလိုက်တဲ့စကားကို Dark တစ်ယောက်တစ်လွဲသဘောပေါက်သွားပြီမှန်း။

Dark ကဖွေးစွတ်နေသည့် ခန္ဓာကိုယ်လေးကို ရေပန်းအောက်ဆီသို့ချီခေါ်သွားပြီး သူ့လက်တွေနှင့်ကိုယ်တိုင်သာ ရေကိုပြီးဆုံးအောင် ချိုးပေးလိုက်သည်။
Black ကိုချိုးပေးပြီးသွားလျှင် သူကိုယ်တိုင်လည်း ခေါင်းအစခြေအဆုံးကို တစ်ခဏအတွင်းပြီးအောင်ချိုးသည်။

နှစ်ယောက်စလုံးရေချိုးသည့်ကိစ္စအမြန်ဆုံးပြီးစီးသွားလျှင် Dark ကတဘတ်ပိုင်းတွေဆီသို့ လှည့်တောင်မကြည့်ဘဲ ဘာမှမဝတ်ထားသည့်ခန္ဓာကိုယ်လေးအတိုင်းသာ Black
ကိုအဝတ်လဲခန်းထဲသို့ချီခေါ်သွားခဲ့သည်။

အခန်းထဲသို့ရောက်လျှင် မွှေးပွတဘတ်နှင့် Black ၏ခေါင်းအစခြေအဆုံးကိုရေများပြောင်စင်သွားအောင်သုတ်ပေးသည်။
ထိုအချိန်ထိ Black ကိုယ်တိုင်လည်း သူလုပ်သမျှကိုသာ ငြိမ်ပြီးခံနေလိုက်သည်။

နှစ်ယောက်စလုံးမှာအဝတ်မရှိသည့် ခန္ဓာကိုယ်တွေနှင့်မျက်နှာချင်းဆိုင်ဖြစ်နေခဲ့သော်လည်း Dark မျက်နှာကတော့လုံးဝကိုတည်ငြိမ်စွာပင်။
ခပ်တင်းတင်းစေ့ထားသည့် သေသပ်သောသူ့နှုတ်ခမ်းလွှာများဆီက စကားလေးတစ်ခွန်းတစ်လေလေးတောင်ဖွင့်ဟပြီးပြောလာဖို့အစီအစဥ်ရှိပုံမရ။
သူ့ဆန္ဒတွေကိုထုတ်ဖော်ပြောလာခြင်းမရှိဘဲ ရေချိုးပေးပြီးအဝတ်အစားလဲပေးဖို့ကိုသာအာရုံစိုက်ထားပုံရသည်။

Dark's Black _ Season(2) *{Completed}*Where stories live. Discover now