ကိုယ့်ဆီကိုလာတာ

1.2K 78 0
                                    

အခန်း (၆၃)

Lavender International Hospital...

Emergency room အရှေ့တွင်ခေါက်တုံ့ ခေါက်ပြန် လျှောက်နေမိတာဘယ်နှစ်ကြိမ်မြောက်နေပြီမသိ။
ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေမိတာကတော့ အကြိမ်ပေါင်းမရေမတွက်နိုင်။
ဒါကြောင့် လူကြီးတွေအမြဲဆုံးမတာ။
ရန်သူမထားနဲ့... တစ်ယောက်နဲ့တစ်ယောက်ချစ်ချစ်ခင်ခင်နေထိုင်ကြ...
အိပ်ယာမဝင်ခင်မှာ အားလုံးနဲ့အဆင်ပြေအောင်နေစကားတွေများကြနဲ့လို့။
အရမ်းကိုမှန်တဲ့စကားတွေလို့ Black မှာတစ်ယောက်ထဲ တီးတိုးရေရွတ်နေမိသည်။
ဒါတင်မက ခန့် ဘက်ကတောင်းပန်ထားတဲ့ စာတွေကိုပါအတွေးထဲ၌ မြင်ယောင်လာခဲ့လျှင်...

" ကျွတ်... ! "

အခုမှ ငါ့ကြောင့်ဆိုတဲ့ နောင်တတရားတွေက
တစ်သီတစ်တန်းကြီး ဝင်ရောက်လာခဲ့သည်။
Black မှာစိတ်ပျက်ခြင်းများစွာနှင့် ဆံပင်တွေကိုဆွဲဖွပစ်ကာ ထိုင်ခုံ၌ထိုင်ချလိုက်သည်။
ပြီးလျှင် ခန့် ရှိနေသည့် Emergency room ထဲသို့ဆွေးမြေ့စွာစိုက်ကြည့်နေမိသည်။

ခန့် ဘက်ကကြည့်ရင်လဲဟုတ်နေတာပဲ...
သူ့ဘက်က ဘာများမှားနေလို့လဲ...
ဆူစီဘက်က တစ်ဖက်သတ် သဘောကျတာကို လက်မခံတာနဲ့ပဲ သူ့ကိုစိတ်ဆိုးလိုက်ရမှာလား။
မဖြစ်နိုင်တာ...
အချစ်ဆိုတာ တမင်လုပ်ကြံယူလို့ရတဲ့အရာမှမဟုတ်တာ။
ကိုယ်တိုင်လည်းသိနေတာပဲ...
ပြီးတော့ ကိုယ့်ကိုသဘောကျနေတယ်ဆိုတာ...
ဒီကိစ္စကိုတော့ Black ကိုယ်တိုင်လည်း ဘယ်လိုဆုံးဖြတ်ရမယ်မသိ။
ခန့် နဲ့ဒီလောက်အနီးကပ်ကြီးနေလာတာ...
ကိုယ့်ကိုသဘောကျနေတဲ့ အရိပ်အယောင်ဆိုလို့ တစ်ခါမှမမြင်မိခဲ့။

" Black "

" ဒီး "

အပြေးအလွှားရောက်ရှိလာသည့် ဒီး ကြောင့် Black မှာအတွေးတွေကို ရပ်တန့်ထားလိုက်သည်။

" ဟောဟဲ...ဟောဟဲ "

ချွေးတွေပါစို့သည်အထိ အသည်းအသန်ရောက်ချလာသော ဒီး ကြောင့် Black မှာမတ်တပ်ထရပ်ပြီးလျှင် ပုခုံးကိုပါပုတ်ပေးလိုက်သည်။
အမောလည်းပြေကာ အသက်ရှူသံများပုံမှန်ပြန်ဖြစ်သွားပြီဆိုမှ ဒီးက..

Dark's Black _ Season(2) *{Completed}*Where stories live. Discover now