ငါကြိုက်တယ် Dark

1.4K 55 0
                                    

Part(1)

အခန်း(၉၁)

ကြားလိုက်ရသည့်စကားကြောင့် Black မှာမျက်လုံးအဝိုင်းသားဖြစ်သွားပြီး ...

" ဟင်...Sunday လားဒီနေ့က "

ရှည်လျားကော့ညွတ်သည့်မျက်တောင်ရိပ်ကြီးများကို တဖျတ် ဖျတ် ပုတ်ခတ်ရင်းပြောနေသူကြောင့် Dark ကခေါင်းကိုညိတ်ပြလိုက်သည်။
ထိုအခါ Black ကသူ့ရင်ဘတ်ပေါ်၌ လက်နှစ်ဖက်စလုံးကိုထပ်လျက်သား ခေါက်တင်ထားလိုက်ပြီး...

" မေ့နေတာ "

Black တစ်ကယ်မသိတာဖြစ်သည်။
မနေ့က မဇူးခိုင်းတာတွေကြောင့် လူကမပင်ပန်းသော်လည်း စိတ်ကအတော်လေးပင်ပန်းခဲ့တာဖြစ်သည်။
မဇူးခိုင်းသမျှတွေထဲမှာ GM ဆီကိုသွားပေးပါ ဆိုသည့်စကားကတော့ ကိုယ့်ကိုသွေးပျက်သွားအောင်အလုပ်နိုင်ဆုံးဖြစ်သည်။
စိတ်အရမ်းရှုပ်နေခဲ့သောကြောင့် အလုပ်ပိတ်ရက်တွေ ဘာတွေကိုတောင်မသိတော့။
ထိုင်ပဲထိုင်ရမလို ထပဲထရမလို နှင့်သူ မရိပ်မိအောင်အစွမ်းကုန်ကြိုးစားခဲ့ရတာဖြစ်သည်။
သို့သော်နောက်ဆုံးမှာတော့ Dark ကိုမလှည့်စားနိုင်တာက မလှည့်စားနိုင်တာပဲဖြစ်သည်။
သူသိသွားပြီမို့နောက်ဆို မဇူးခိုင်းသည့်အခါတိုင်း ယခုလိုမျိုးထိတ်လန့်နေစရာမလိုတော့။

ဒီတစ်ခါကိုယ်ကအေးဆေးဖြစ်သွားသော်လည်း နောင်အလန့်တကြားဖြစ်သွားမည့်လူများက အလုပ်ကလူများပင်ဖြစ်သည်။
ကိုယ့်ကိုသာ Dark ၏ယောကျာ်းလို့သိသွားကြမယ်ဆို အရင်လိုမျိုး ရင်းရင်းနှီးနှီးပြောဆိုကြတော့မှာမဟုတ်။
ဒီအချက်ကို Black သဘောမကျ။
ဟိတ်တွေဟန်တွေနဲ့အလုပ်မလုပ်ချင်လို့သာ ဒီလိုမျိုးနေရာမှာ လေ့လာရေးဆင်းဖို့ဆုံးဖြတ်ခဲ့တာဖြစ်သည်။

Dark ကိုနောက်မှ တောင်းဆိုရမည်။
ကိုယ်ကသူ့ယောကျာ်းဆိုတာ ဘယ်သူ့ကိုမှထုတ်မပြောဖို့။Dark ကတော့ကိုယ့်စကားဆိုလက်ခံပေးမှာအသေအချာဖြစ်သည်။
လက်မခံပေးလို့လည်းမရ။
အလုပ်နဲ့ပတ်သက်လာရင်တော့ Black ဘက်ကပေါ့ပေါ့ပျက်ပျက် တစ်ခါမှမတွေးခဲ့မလုပ်ခဲ့ဖူးသလို Dark ကလည်း ကိုယ့်ဆုံးဖြတ်ချက်အတိုင်းကိုလေးစားပေးရမှာဖြစ်သည်။
အခုလောလောဆယ်တော့မပြောသေး။
Dark နဲ့အခြားပြောစရာကိစ္စတွေက ရှိနေသေးသည်မို့နောက်မှပဲ ဤအကြောင်းအရာများကိုဆက်ဆွေးနွေးတော့မယ်လို့ဆုံးဖြတ်လိုက်သည်။

Dark's Black _ Season(2) *{Completed}*Where stories live. Discover now