ရှက်သွားတာလား

1K 59 1
                                    

အခန်း(၇၁)

" အင်း...သက်သာတယ်ဆိုပြီးရော "

ဖုန်းကိုနားနှင့်ပုခုံးကြားမှာညှပ်ထားရင်းစကားမပြတ်ပြောကာ Black ကချွတ်ထားပြီးဖြစ်သည့်အဝတ်အစားများကို ကုတင်ပေါ် သို့ပစ်တင်လိုက်သည်။
အပေါ် ပိုင်းဗလာဖြစ်သွားပြီးလျှင် ခါးပတ်ကြိုးကိုအရင်ဖြုတ်လိုက်ပြီး ကျစ်လျစ်စွာထုံးဖွဲ့ထားသည့် ပုဆိုး၏ခါးပုံစကိုဖြည်ချလိုက်သည်။
ပြီးလျှင်အလုံးစုံကျွတ်ကျသွားပြီဖြစ်သည့် ပုဆိုးကိုခြေထောက်တွေကြားမှာပဲ ပုံချထားကာ မွေ့ယာပေါ် ရှိ တဘတ်ပိုင်းကိုဆွဲယူလိုက်သည်။

" နင်တို့ပွဲကိုမလာနိုင်လို့ စိတ်မကောင်းဖြစ်နေတာ စိတ်မဆိုးဘူးမှတ်လား...ခန့် ကလည်းသူ့ကြောင့်ဆိုပြီး အားတွေနာနေတာ "

ယနေ့မနက်မှ ခန့် ခြေထောက်အား ဆေးပြန်စည်းရမည့်ကိစ္စကို သူနာပြုများကလာအသိပေးသွား၍ Black ၏အိမ်သို့ မလာဖြစ်တော့ကြောင်း
ယွန်း ကလှမ်းအသိပေးခြင်းဖြစ်သည်။

Black ကတဘတ်ကို ချက်အောက်နားလောက်မှစ၍ ခပ်လျော့လျော့ ပင်ပတ်ချလိုက်ရင်း...

" မဆိုးပါဘူး...တမင်လုပ်တာမှမဟုတ်တာ...ခန့် ကိုလည်းနေသာအောင်နေလို့ပြောပေးအုံး "

ကိုယ်နဲ့ခန့်ဖြစ်ခဲ့သည့် ကိစ္စကိုယွန်းတို့အား မပြောပြထားသဖြင့် Black ကဘာမှမဖြစ်သလိုမျိုး ပေါ့ပါးသော စိတ်နှင့်သာပြောလိုက်သည်။

" စိတ်ချပြောလိုက်မယ်...ဒါပဲနော် Black...Happy one year anniversary ပါ "

ယွန်း၏စကားကြောင့် Black မှာ Dark ၏မျက်နှာကိုချက်ချင်းပြေးမြင်ယောင်သွားသည်။
တစ်မနက်လုံး လူကြီးတွေနှင့်ဧည့်သည်တွေဆီက တစ်နှစ်ပြည့်မင်္ဂလာ ဆုပေးစကားတွေကို နားနဲ့မဆန့်အောင် ကြားခဲ့ရပြီးဖြစ်သည်။
ကာယကံရှင်နှစ်ယောက်ကတော့ အခုအချိိန်ထိ စကားတောင်ကောင်းကောင်း ပြောလို့မရသေး။
တစ်နှစ်ပြည့် anniversary ရောက်ခါနီးမှတိုက်တိုက်ဆိုင်ဆိုင် ပြဿနာဖြစ်ခဲ့ရတာကိုလည်း စိတ်ထဲမှာမကျေနပ်။

သူ့ကိုဘယ်လိုပဲစိတ်ဆိုးနေပါစေ...
ယွန်းပေးသည့် ဆုတောင်းစကားကြောင့် သူနဲ့ငါ လက်ထပ်ထားတာ တစ်နှစ်ပြည့်သွားပါပြီလား ဆိုသည့်ပီတိက နှလုံးသားထဲမှာ ချက်ချင်းပျော်ဝင်သွားသည်။
ထိုကဲ့သို့နွေးထွေးသည့် ခံစားချက်မျိုးကို ကိုယ့်ဘဝမှာ တစ်ခါမှမခံစားခဲ့ဖူး။
သေချာတာတစ်ခုက အခြားလူတစ်ယောက် ယောက်နဲ့သာဆို ဒီလိုမျိုးရင်ခုန်တတ်ခဲ့မှာမဟုတ်။
သူ့ကိုယ်သူ ဂေးတစ်ယောက်ပါလို့ ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့တဲ့လူက Dark ဆိုပေမယ့် Black လည်း ကိုယ့်ကိုယ်ကိုသတိထားမိသည်။
ကိုယ်တိုင်လည်း ဘဝတစ်လျှောက်မှာ ဘယ်မိန်းကလေးကိုမှ သဘောမကျခဲ့သည့် အကြောင်းကို။

Dark's Black _ Season(2) *{Completed}*Where stories live. Discover now