Season-(2) Final

1.4K 67 54
                                    

သိပ်ဆိုးတာပဲ

အခန်း(၉၉)

" တွီ...! "

" ခဏလေး "

ကားပေါ်သို့တက်အံ့ဆဲဆဲထွက်လာသည့်အသံကြောင့် Dark ကအနောက်ဘက်ကိုလှည့်ကြည့်လိုက်သည်။
ဒီလိုပဲဖြစ်မယ်လို့ ကြိုမြင်ခဲ့ပြီးသားဆိုပေမယ့် အရမ်းကြီးမြန်လောက်မယ်လို့တော့ မထင်ခဲ့မိ။

ယခင်ထက်ပိုဖြူဖျော့နေသော အသားရောင်နှင့်ထက်မြက်ရှိုင်းက ဆေးဖြတ်ထားပုံတော့ပေါ်သည်။
မဖြတ်လျှင်လည်း မူးယစ်ဆေးတစ်မှုကပါ ထပ်တိုးသွားနိုင်သည်။

" ခင်ဗျား အချိန်ရလား "

Dark ကစကားတစ်ခွန်းပင်မဟဘဲ ကားတံခါးကိုဆွဲဖွင့်သည်။
ပြီးလျှင် လက်ပေါ်၌ခေါက်လျက်သားရှိနေသော long coat နှင့် Leather Briefcase ကိုကားထဲသို့ထည့်သည်။

" တောင်...! "

ထက်မြက်ရှိုင်းမှာကိုယ့်ကိုအရေးမစိုက်ဘဲ မက်ဆေ့ဝင်လာပုံရသည့်ဖုန်းအား ဂရုတစိုက်ကြည့်နေသည့် လူကိုအတော်လေးစိတ်ရှည်ထားရသည်။
မရှည်လို့လည်းမရ...
အရင်တစ်ခါက ထိုလူဘယ်သူလဲဆိုတာကို မသိဘဲနဲ့တောင် စကားမှားသွားမှာကိုစိုးရိမ်ပြီးအတော်လေးသတိထားခဲ့ရသည်။
ယခုဆို ကိုယ့်မိသားစု၏စီးပွားရေးကို လက်တစ်ဖျောက်အတွင်းကြေမွပျက်စီးသွားအောင်လုပ်နိုင်သည့်လူမှန်းသိခဲ့ရပြီဖြစ်သည်။

ကိုယ့်မိဘများက မြန်မာပြည်တွင်ထိပ်တန်းချမ်းသာသည့်စာရင်းဝင်သော်လည်း
Empire Of Dark မှာတော့ ရှယ်ယာဝင်နိုင်လောက်သည်အထိ မချမ်းသာ။
စီးပွားရေးလောကအကြောင်းကို ထက်မြက်ရှိုင်း အများကြီး နားမလည်သော်လည်း ဒက်ဒီလုပ်ငန်းအခြေတည်တံ့ခိုင်မြဲဖို့ ဘယ်အရာကအရေးကြီးတယ်ဆိုတာကိုတော့နားလည်သည်။
ကိုယ့် company ကထွက်ရှိသမျှ Product တိုင်းကို မြန်မာပြည်မှာရော နိုင်ငံခြားမှာပါ စဥ်ဆက်မပြတ်ဖြန့်ချီနိုင်ဖို့ Empire Of Dark Group နှင့်ရန်ငြိုးရန်စရှိသွားလို့မဖြစ်။

လွန်ခဲ့သော သုံးနှစ်လောက်ကဆို Empire Of Dark Group ၏တိုးတက်ကြီးပွားလာသော စျေးကွက်နယ်မြေချဲ့ကားလာမှုကြောင့် ဒက်ဒီကုမ္ပဏီမှာပျက်လုနီးပါးဖြစ်သည်အထိအ​ခြေယိုင်သွားခဲ့သည်။
မာမီမှာလည်းတစ်ခါမှမနေခဲ့ရသည့် အခြေအနေဘဝသို့ရောက်ရပါတော့မည်ဆိုပြီး ဆေးရုံတောင်တက်လိုက်ရသည်။
ထက်မြက်ရှိုင်း ကိုယ်တိုင်လည်းဒီ Group ကဘာကြောင့် မြန်မာပြည်၏စီးပွားရေးနယ်ပယ်တိုင်းကို လွှမ်းမိုးချုပ်ကိုင်နိုင်ရတာလဲဆိုပြီးအံ့သြခဲ့ရသည်။
နောက်မှတိတိကျကျ လိုက်လံစုံစမ်းကြည့်​ဖြစ်ခဲ့သည်။
ထိုအခါ အပြောနဲ့တင်မဟုတ် လက်တွေ့ကပါ အစစအရာရာ ကွာလတီကောင်းမွန်လွန်းသော ထုတ်လုပ်မှုကုန်စနစ်များ ခရီးသွားဟိုတယ်ဝန်ဆောင်မှုအစရှိသဖြင့် ပြည့်စုံတိကျလွန်းသော နည်းစနစ်ကောင်းများနှင့်တည်ဆောက်ထားသည့် Company ဆိုတာကို မျက်မြင်ကိုယ်တွေ့လေ့လာသိရှိခဲ့ရသည်။
ထို့ကြောင့် Empire Of Dark က မသမာနည်းနဲ့ လွှမ်းမိုးချုပ်ခြယ်​နေလို့အောင်မြင်နေတာမျိုးမဟုတ်။
တစ်ကယ်အရည်အချင်းကောင်းတွေနှင့်ပြည့်စုံလို့သာ ကြီးပွားတိုးတက်​နေသော Group တစ်ခုဖြစ်သည်။

Dark's Black _ Season(2) *{Completed}*Donde viven las historias. Descúbrelo ahora