1. The heart wants what it wants~

3.8K 237 5
                                    

"Oppa!!!!!!!!! Oppa!!!!!!.... Saranghaeyo!!!!!!!!"

ကောင်မလေးတစ်သိုက် အကောင်းစားကားကြီး၏ ဘေးပတ်ပတ်လည်တွင် ဝိုင်းရံကာ အော်နေကြခြင်းဖြစ်သည်။

ထိုစဉ် ကားပေါ်မှ ဆင်းလာသော သူကား နတ်သားလေး တစ်ပါးကဲ့သို့ အလား အလွန်ချောမောပြေပြစ်ကာ ဆွဲဆောင်မှု အားကောင်းလှပေသည်။

နေကာမျက်မှန်ကို ချွတ်လိုက်တဲ့ အခါမှာ တွေ့လိုက်ရတဲ့ သူ့ရဲ့ တောက်ပ ဝင်းလက်ပြီး confidence အပြည့်ရှိသော မျက်လုံးတစ်စုံ။

ထိုသူ၏ စူးရှသောမျက်လုံးဖြင့် ကြည့်လိုက်ပါက အကြည့်ခံ ရသူတို့ကို အရည်ပျော်နိုင်လောက်တဲ့ အထိ စွမ်းအား ရှိနေသည်။

တစ်ချက်တစ်ချက် လေဝှေ့သွားတဲ့ အခါမှာ လှုပ်ခါသွားတဲ့ သူ့ရဲ့ ရွှေအိုရောင် ဆံနွယ်လေးက သူ့ရဲ့ ငယ်ရွယ်နုပျိုမှုကို ပိုမိုပေါ်လွင်စေတဲ့ အရာတစ်ခုဆိုရင်လည်းမမှားပါဘူး။ 

ရှည်လျားမြင့်မားလှသော အရပ်၊ သွယ်လျလွန်းလှသော မျက်နှာ၊ ဖြောင့်တန်းပြေပြစ်လွန်းလှတဲ့ နှာတံ၊ ပွင့်ဖူးစ နှင်းဆီပန်းလေးပမာ ဖူးဖူးလေးဖြစ်နေတဲ့ နှုတ်ခမ်းပါးလေး စသည်တို့ကို ပိုင်ဆိုင်ထားသောသူလေးတစ်ယောက်ကို အဘယ်သို့သော သူက ငေးမကြည့်ဘဲ နေပါအံ့နည်း။

ထိုသူ ကားပေါ်မှဆင်းလာကာ သူရဲ့နှုတ်ခမ်းပါးလေး အနည်းငယ်ကွေးပြီး ပြုံးဟန်ပြုလုပ်လိုက်တဲ့ အခါမှာတော့ သူ့ရဲ့ဘေးပတ်ပတ်လည်မှာရှိတဲ့ ကောင်မလေးတွေရဲ့အော်သံ ကို ၂ဆ ၃ဆ နီးပါး volume ထက်မြှင့်လိုက်သလိုပါပဲ။

စူးရှတဲ့အော်သံတွေနဲ့အတူ ကောင်မလေးတစ်သိုက် သူ့နောက်ကိုလိုက်သွားကြတာပေါ့။

ထိုအဖြစ်အပျက်များမှာ kris အတွက် နေ့စဉ်ဖြစ်ပျက်နေသောအရာများဖြစ်သဖြင့် ထူးဆန်းလှသည်တော့မဟုတ်။

kris မူကား Xoxo uni တွင် cold guy ဟု နာမည်ကြီးသောသူတစ်ယောက်ဖြစ်သည်။

ရုပ်ရည်ကလည်း ပြောစရာမရှိအောင် ချောမောပြေပြစ်လွန်းလှတော့ uni က မိန်းကလေးတိုင်းရဲ့အသည်းစွဲပေါ့။

cold guy ဂုဏ်ပုဒ်နဲ့ အညီ သူကတော့ အေးတိအေးစက်နဲ့ ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားဟန်မရှိ။

"It's you" [Krisyeol]Where stories live. Discover now