5.Shocking news~

1.9K 184 2
                                    

နောက်တစ်နေ့ ရောက်သော်~

chanyeol d.o နှင့် ချိန်းထား၍ ကျောင်းရောက်ရောက်ချင်းပင် canteen သို့ သွားလေသည်။

d.o ကတော့ စေ့စပ်သူပီပီ အရင်ရောက်နေလေသည်။

chanyeol d.o ရှေ့ တွင် ဝင်ထိုင်လိုက်ပြီး

"mian...ငါနောက်ကျသွားလား??" chanyeol စိုးရိမ်တကြီး မေးလိုက်လေသည်။

"Ani!! ငါလည်း ခုမှရောက်တာ...ဟီး" d.oလည်း သူ့ ရဲ့  heart-shaped နှုတ်ခမ်းပုံလေး ပေါ်အောင်ပြုံးပြပြီး ပြန်ဖြေလိုက်သည်။

ထိုစဉ် chanyeol တို့ နှင့် မနီးမဝေးတွင် ထိုင်နေသော ကောင်မလေးတစ်စု၏ ပြောနေကြသော စကားများကြောင့် chanyeol စိတ်နှလုံး မပျော်ရွှင်တော့ဘဲ စိတ်ဓာတ်ကျသွားကာ အရုပ်ကြိုးပြတ်ပမာ ဖြစ်သွားလေသည်။

Girl 1::: "ဟဲ့ ....နင်ကြားပြီးပြီလား?? 3rd yr class က Kim Hani က ငါတို့  ရဲ့  kris လေးကို သူက ချစ်နေပါတယ်ဆိုတဲ့ အကြောင်းဝန်ခံ တော့မယ်တဲ့ လေ..."

ပထမ ကောင်မလးက အဲ့လို ပြောလိုက်တော့ သူ့ ဘေးနားမှာ ရှိတဲ့  သူ့ သူငယ်ချင်းတွေ အားလုံး အံ့သြသွားကြတယ်။

အဲ့ဒီ့ ကောင်မလေးရဲ့  အသံက ကျယ်လွန်းတော့ မနီးမဝေးမှာ ထိုင်နေတဲ့  chanyeol နဲ့  d.o တောင် ကြားသွားတယ်လေ။

d.o က တော့ ထုံးစံ အတိုင်း မျက်လုံး အပြူးသား ဖြစ်သွားပြီး chanyeol ကတော့ အံ့သြတုန်လှုပ်လွန်းလို့ သူ လက်မှာ ကိုင်ထားတဲ့  ဇွန်းတောင်ပြုတ်ကျသွားတယ်။

~ချွမ်~

ပြီးတော့ chanyeol စားလက်စ cake ကို လည်း ဆက်မစားနိုင်တော့။

အဲ့ဒီ့ ကောင်မလေးတွေ ရဲ့  စကားသံကိုပဲ နားစွင့်နေတယ်။

Girl 2:: "ဟယ်...တကယ်ကြီးလား?? ညစ်ပါတယ်ဟာ...kris ကို ကြိုက်နေတာ 2နှစ် ကြီးများတောင် ကြာပြီ ဖြစ်တဲ့ ငါတို့ တောင် Kris ကို ဖွင့်ပြောဖို့  အခွင့် အရေးမရခဲ့ ဘူး...သူက ဘာမို့ လို့ လဲ??"

Girl 3:: "kim hani?? သူက lesbian မဟုတ်ဘူးလား?? ဒါဆို သူက အရင်ကလို မိန်းကလေးတွေကို မကြိုက်တော့ဘူးပေါ့... သူ့ စိတ်က girl လို ပြန်ဖြစ်သွားပြီပေါ့... သူကလည်းဟယ်..စိတ်က အမျိုးမျိုးပဲ...မိန်းကလေးကြိုက်လိုက် ယောင်္ကျားလေးကြိုက်လိုက်နဲ့ ...တကယ်ပဲ... "

Girl 4:: "ဟုတ်မယ်... ငါတို့  kris က အရမ်းချောနေတော့ သူလည်း စိတ်ပြောင်းသွားတာဖြစ်မှာ...ခ်ခ်.. ဒါနဲ့  သေချာရဲ့ လားဟယ်?? "

Girl 1:: "သေချာလားတော့ မမေးနဲ့ .. ငါ့ကို ယုံလိုက်.. ဒီနေ့  basketball ပြိုင်ပွဲ ဆုပေးပွဲရှိတယ်မလား.. အဲ့ဒီ့ အချိန် လူတွေအများကြီးရှေ့ မှာ ဝန်ခံမှာတဲ့ ..kris ကို ဘယ်လောက်ချစ်ကြောင်း သက်သေပြမယ်တဲ့ ...Toilet မှာ Kim Hani သူ့ သူငယ်ချင်းကို ပြောနေတာ ငါကြားလိုက်တယ်...သူတို့  က ငါ toilet ထဲမှာ ရှိနေတာမသိဘူးလေ.."

အလုံးစုံ ကို ကြားပြီးတဲ့ အခါမှာ chanyeol တစ်ယောက် ခေါင်းတွေမူးလာပါတော့သည်။ Kim Hani?? သူက ဘယ်သူလဲ?? ဘာလို့  kris ကို သူ ချစ်နေတာ ဝန်ခံမှာလဲ?? တစ်ကိုယ်ကောင်းဆန်တယ်ပြောချင်ပြောပါစေ..kris က ငါ့အတွက်.. ဘယ်သူ့ အတွက်မှ မဟုတ်ဘူး.. ငါတစ်ယောက်တည်း အတွက်..

chanyeol စိတ်တွေ ဗလောင်းဗလဲ ဖြစ်နေပြီး အတွေးများနဲ့  ချာချာလည်နေသည်။

ထို့နောက် chanyeol သူ၏ မျက်ခွံများ ရုတ်တရက် လေးလံလာသည် ကို ခံစားလိုက်ရသည်။

"Chanyeol-ssi....Gwinchenna yo??" d.o chanyeol ကို စိုးရိမ်တကြီးနဲ့  အဆင်ပြမပြေ မေးလိုက်လေသည်။

သူ့ သူငယ်ချင်း kris အပေါ်ထားတဲ့  ခံစားချက်တွေ ဘယ်လောက်လေးနက်လဲဆိုတာ d.o အသိဆုံးပဲလေ။

အခုလည်း chanyeol အရမ်း စိတ်ထိခိုက်သွားတယ်ဆိုတာ d.o ကောင်းကောင်းကြီး သတိထားမိပါတယ်။

"d.o-ah... ငါ့ကို ကျောင်းကျန်းမာရေးဆီ ပို့ ပေးလို့ ရမလားဟင်?? ငါ ရုတ်တရက် နေမကောင်းချင်ဖြစ်လာလို့ ပါ..." chanyeol မျက်နှာလေး ညိုးငယ်စွာဖြင့် d.o အားပြောလိုက်လေသည်။

အမြဲ တမ်းပြုံးပျော်ရွှင်နေတတ်သော happy virus ရဲ့ မျက်နှာလေးပေါ်မှာ ပျော်ရွှင်မှုဆိုတာကြီး ပျောက်ဆုံးသွားတဲ့ အပြင် နေမကောင်းပါဖြစ်တယ်ဆိုတော့ d.o အတော်လေးစိတ်ပူသွားသည်။

သူ့ သူငယ်ချင်းက နေမကောင်းဖြစ်ခဲတယ်လေ။

အခုလည်း ရုတ်တရက်ဆိုသလို ချက်ချင်းကြီးဆိုတော့ သူ ပိုပြီး စိတ်ပူသွားတာပေါ့။

"အင်း..အင်း..chanyeol-ssi..လာ.. ကိုယ့်ဟာကို ထနိုင်လား..မထနိုင်ရင် ငါ့ကိုမှီလိုက်.." d.o ပြောလိုက်ရင်း chanyeol ရဲ့  ဘယ်ဘက် လက်တစ်ဖက်ကိုယူကာ သူ့ ပခုံးပေါ်တင်လိုက်လေသည်။

ပြီးတော့ canteen မှ ထွက်ခွာရန် အပြင်ဘက်သို့ ဦးတည်နေစဉ် မမျှော်လင့်သောသူတစ်ယောက်ကို သူ့ အရှေ့ တွင်တွေ့ လိုက်ရလေသည်။

******************************************

TBC
Krisyeol 4ever♡♡♡

"It's you" [Krisyeol]Where stories live. Discover now