3.That touches kill me~

2K 194 5
                                    

တစ်ပတ်ခန့် ကြာသော်~~~

ထင်ထားသည့် အတိုင်းပင်။

Chanyeol hair style ပြောင်းလိုက်ပါသည်။

hair color ကို အနက်မှ အညိုသို့ ပြောင်းလိုက်လေသည်။

သူ ကိုယ်တိုင်ပင် သူပြောင်းလိုက်သော hair color အပေါ် စိတ်တိုင်းကျမှုရှိပါသည်။

အတန်းထဲမှ ကောင်မလေးများကလည်း သူ့ ကို "ပိုချောလာတယ်၊ ဒီ hair color နဲ့ပို လိုက်တယ်" လို့ ပြောနေကြတော့ chanyeol တစ်ယောက် စိတ်ကျေနပ်နေတာပေါ့။

kris hyung က လည်း ကြိုက်လိမ့်မယ်လို့  chanyeol မျှော်လင့်နေပါသည်။

ပြီးတော့ ဒီနေ့ က သူ့ အတွက်နေ့ ထူးနေ့ မြတ် လို့  ပြောရင်လည်းမမှားပါဘူး။

ဘာလို့ လဲဆိုတော့ ဒီနေ့ က kris hyung ပထမဆုံး စာစသင်မယ့်ရက်လေ။

အဲ့ဒါကြောင့်လည်း ဒီနေ့ ကစပြီး make-up လိမ်းတော့မယ်လို့  chanyeol ဆုံးဖြတ်ချက်ချလိုက်တာပေါ့။

တည်ကြည် ခန့် ညားပြီး handsome ဖြစ်လွန်းလှတဲ့ kris hyung ရှေ့ မှာ chanyeol ကိုယ်တိုင်လည်း ချစ်စရာကောင်းပြီး handsome ဖြစ်နေဖို့ လိုအပ်တယ်လေ။

အခု လည်း chanyeol တစ်ယောက်မှန်ရှေ့ မှာ သူ့ ဆံပင်ကို ပုံ သွင်းနေတာ နာရီဝက်လောက်ရှိနေပြီလေ။

d.o ကတော့ ခုံမှာထိုင်ပြီး magazine ဖတ်နေတာပေါ့။

magazine သာ ဖတ်နေတာ သက်ပြင်းတစ်ချချ နဲ့  စိတ်မရှည်နေတာ အသိသာကြီးလေ။

"ကဲပါ.. ချောပါတယ် ကိုယ်တော်ချောရဲ့ ... တော်ပါတော့... ဒါနဲ့ ...အဲ့ဒါက ဘာကြီးတုန်း?? ဘာလို့  eyeliner တွေ ခြယ်ထားရပြန်တာတုန်း??? Omg!! Chanyeol-ssi ..အခု ငါတို့  kris ရဲ့ အတန်းသွားတက်မှာနော်.. သမ္မတသားရဲ့ အိမ်ဖြူတော်ဆီကို သွားမှာမဟုတ်ဘူး.." d.o တစ်ယောက် နားမလည်ဟန်ဖြင့် ခေါင်းကို ဘယ်ပြန်ညာပြန် ခါယမ်းလိုက်ပြီး သက်ပြင်းချလိုက်ပြန်တော့သည်။

"ဘာ?... သမ္မတသား? ဟုတ်လား? သမ္မတသားကို သွားတွေ့ ရမယ်ဆိုရင်တောင် ဒီလောက်ပြင်ဆင်မနေဘူး သိလား.. ငါ့အတွက် kris hyung က အရေးအကြီးဆုံး ပဲ... မကြာခင် ငါ့ရဲ့  kris hyung ကို ပြတင်းပေါက်က ချောင်းကြည့်စရာမလိုဘဲ official တွေ့ လို့ ရပြီကွ... eyeliner အတွက်တော့ ငါ့ကို စိတ်သာချ... eyeliner ဆိုးတဲ့ နေရာမှာ ဆရာတစ်ဆူ ဖြစ်တဲ့  ငါတို့ class ထဲက Byun Baekhyun ဆီ မှာ eyeliner ဘယ်လို ခြယ်ရလဲဆိုတာ ငါသင်ထားပြီးပြီ... မင်း...အနည်းဆုံးတော့ ငါ့ရဲ့ ကြိုးစားမှုလေးကို အသိအမှတ်ပြုပေးသင့်တယ်..d.o-ah." chanyeol တစ်ယောက် d.o ကိုတောင် မကြည့်အားဘဲ မှန်ရှေ့ တွင် သူ့ ဆံပင်များ ပုံသွင်းရင်းနဲ့  ပြန်ဖြေလိုက်လေသည်။

"It's you" [Krisyeol]Donde viven las historias. Descúbrelo ahora