10. Lies~

1.9K 184 5
                                    

Monday uni ပြန်ဖွင့်ပြီး မထင်မှတ်ထားတဲ့ ကိစ္စတစ်ခု မဖြစ်ပေါ်ခင်မှာပေါ့....

chanyeol တစ်ယောက် အားကစားချိန် ပြီး၍ အဝတ်အစားလဲခန်းထဲသို့ သွားလေသည်။

ထုံးစံအတိုင်းပဲ chanyeol တစ်ယောက် locker room ထဲမှာ သူ၏ သူငယ်ချင်းများ အဝတ်လဲအပြီးကို စောင့်နေလေသည်။

ထို့ နောက် အားလုံးအဝတ်လဲပြီး၍ တစ်စုံတစ်ဦးမျှ မရှိသော အချိန်အခါမှ chanyeol တစ်ယောက် သူ၏ အဝတ်အစားများကို လဲလေသည်။

D.o ကို လည်း အမြဲလိုလိုပင် သူ အဝတ်အစားလဲနေတုန်း စောင့်နေရန် မလိုကြောင်း ပြောထားသဖြင့် d.o တစ်ယောက် ကလည်း သူ ကိုယ်တိုင် အဝတ်လဲပြီးတာနဲ့ အပြင်သို့ ထွက်သွားလေသည်။

ထို့ နောက် အတန်ကြာသော်

~ဂျောက်~

chanyeol အဝတ်အစားတွေလည်း လည်း လဲလို့ ပြီးရော ရုတ်တရက် အခန်းတံခါးဖွင့်သံကို ကြားလိုက်ရလေသည်။

"ကျောင်းသား အကုန်လုံးလည်း အဝတ်လဲလို့  ပြီးပြီ.....ဘယ်သူလဲ မသိဘူး?? D.o များလား.....Ani မဖြစ်နိုင်ပါဘူး......ငါ d.o ကို မစောင့်ဖို့  အစောကြီးကတည်းက ပြောပြီးပြီပဲ......ဒါဆို ဘယ်သူလဲ?? ဘယ်သူက 2nd year ရဲ့ အဝတ်လဲခန်းကို လာတာလဲ?? အားကစား ဌာနမှူးလား?? Ani မဖြစ်နိုင်ပါဘူး...... သူက ဘာလို့ ဒီကို လာမှာတုန်း....."

chanyeol တစ်ယောက် စိတ်ထဲတွင် ရေ ရွတ်ရင်း တစ်ယောက်တည်း အတွေးပင် လယ်ဝေနေလေသည်။

အခန်းထဲသို့ တိတ်တဆိတ် ဝင်လာသော သူကို သိချင်၍ chanyeol တစ်ယောက် လှည့်ကြည့်ရန် ကြိုးစားလိုက်သည်။

သို့ သော် သူနှင့် အလွန့် အလွန် ရင်းနှီးသော နာမည် တစ်ခု.....

ဒီထက်ပို ပြီးသေချာအောင် ပြောရမည်ဆို လျှင် သူ အလွန်ပင် ချစ်ခင်နှစ်သက်သော သူတစ်ယောက် ရဲ့ နာမည်ကို ကြားလိုက်ရတဲ့ အခါမှာ သူ၏ခြေလှမ်းများ တုံ့ ဆို်င်း သွားလေသည်။

"Krissi hyung....ဒီနေရာက လုံခြုံတယ်ထင်တာပဲ....ကဲ ပြောပါဦး...hyung နဲ့ chanyeol နဲ့ အခြေအနေ ဘယ်လို ဖြစ်သွားပြီလဲ?"

chanyeol တစ်ယောက် kris ဘယ်သူနဲ့  စကားပြောနေလည်းဆိုတာ အရမ်း သိချင်နေမိတယ်။

"It's you" [Krisyeol]Where stories live. Discover now