2. Unexpectedly~

2.1K 181 0
                                    

d.o အော်ရယ်နေတုန်း ရုတ်တရက် ထွက်ပေါ်လာသောအသံ ကြောင့်

တော်တော်လန့်သွားပုံပေါ်သည်။

~~~ဒုန်း ဒုန်း ဒုန်း~~~

ထိုအသံလာရာ နေရာကိုကြည့်လိုက်တော့ အတန်းပိုင်ဆရာ Si Won က စိတ်တိုတိုနဲ့ ရပ်နေတာကို တွေ့ ရသည်။

ထိုအခါမှ ကျောင်းသားကျောင်းသူ အားလုံးလည်း သူ့နေရာနှင့်သူ အလိုက်တသိနှင့် ပြန်ထိုင်ကြတော့သည်။

"ကဲ. . . အားလုံးသေချာနားထောင်ကြ။ မင်းတို့ ကို အရေးတကြီး ကိစ္စ ပြောစရာရှိတယ်။"

ဆို ပြီး Si Won Seung saeng nim က စကားစ လိုက်တော့ အကုန်လုံးက သိပ်မသိချင်ရှာပါဘူး။ မျက်လုံးလေးတွေ ကလယ်ကလယ် နဲ့  ဘာပြောမလဲ ဆိုတာ စောင့်နေကြတာပေါ့။

Chanyeol က လည်း မေးစေ့လေးပေါ်မှာ လက်လေးနှစ်ဖက်ထောက်လို့  နားစွင့်နေလေရဲ့ ။ d.o က တော့ ထုံးစံ အတိုင်း မျက်လုံးပြူးပြူး လေးနဲ့  ကြောင်ကြည့်နေတာပေါ့။ သူ အံ့သြရင် အဲ့ လို ပုံစံ ဖြစ်နေကြပဲလေ။

"ကဲ. . ဒီလိုကွ။ နောက်တစ်ပတ်ကျရင် ငါတို့ ဆရာ ဆရာမ တွေ Japan ကို သွားရမယ်။ Japan က Fuji တက္ကသိုလ် နဲ့  ငါတို့  Xoxo တက္ကသိုလ် နှစ်ခု ပူးပေါင်းဖို့ အတွက် လုပ်စရာ ကိစ္စတွေ ရှိနေတယ်။ အဲ့ဒီ့ တော့ ငါတို့  အတန်းမဝင် ဖြစ်တဲ့  အချိန် တွေ ကို မင်းတို့  senior တွေ က အစားဝင် သင်ပေးလိမ့်မယ်။ class တစ်ခု ကို senior တစ်ယောက် ဝင် လိမ့်မယ်။ အဲ့တော့ မင်းတို့ က ^ဆရာ တွေ မဟုတ်ဘူး senior တွေပဲ^ ဆိုပြီး ဆိုးချင်တိုင်း ဆိုးလို့ တော့ မရဘူး။ Senior တွေ အပေါ် ကောင်းကောင်း ဆက်ဆံကြ Arraseo???" ဆိုပြီး ဆရာ Si Won က အကြောင်းစုံကို ရှင်းပြလိုက်လေသည်။

"Nae!!! Arraseoyo Seung saeng nim!!!!" ဆိုပြီး students တွေ လည်း ပြုံးပြူံးပြုံးပြုံးနှင့် ပြန်ဖြေကြသည်။ အားလုံးရဲ့ မျက်နှာကတော့ ပန်းတွေပွင့်နေကြတာပေါ့။ ကျောင်းသားဆိုတာ ဆရာ အတန်းမဝင်ဘူးဆိုရင် အပျော်ဆုံးပဲလေ။ မဟုတ်ဘူးလား??

"ကောင်းပြီ။ အခု ဆရာ ဘယ်အတန်းတွေကို ဘယ် Senior ဝင်မလဲ ဆိုတာ နာမည် ခေါ်ပေးမယ်။" ဆိုပြီး ဆရာ Si Won နာမည်တွေ ခေါ်နေတဲ့  အချိန်မှာ chanyeol တစ်ယောက် ကတော့ အရမ်းကို စိတ်လှုပ်ရှားနေပါသည်။

"It's you" [Krisyeol]Where stories live. Discover now