9. At his house~

2.3K 174 3
                                    

《@ 6:30 PM》

ဆည်းဆာအလှတို့ဖြင့် ပြည့်နှက်နေသော တစ်ခုသော ညနေခင်း အချိန်အခါဝယ် အလွန်ခမ်းနားထည်ဝါလှသော ဈေးကြီးမည့်ပုံပေါ်သည့် နာမည်ကြီး Galaxy စားသောက်ဆိုင်တွင်မူကား ချစ်သူနှစ်ဦးတို့သည် ပျော်ရွှင်စွာ စားကြသောက်ကြကာ စကားစမြည်ပြောနေကြလေသည်။

Chanyeol တစ်ယောက်မူကား ပျော်ရွှင်ခြင်း အထွတ်အထိပ်သို့ရောက်နေလေသည်။

'kris hyung နဲ့ ဒီလိုနေရာမျိုးမှာ ညစာအတူတူ စားရရင် သိပ်ကောင်းမှာဘဲ' လို့ chanyeol တစ်ယောက် kris နဲ့ မတွဲခင်ကတည်းက စိတ်ကူးယဉ်ခဲ့ဖူးပါသည်။

အခု သူ့စိတ်ကူးတွေ အကောင်အထည်ပေါ်သွားပြီ ဖြစ်တဲ့အတွက် chanyeol တစ်ယောက် အပျော်ကြီး ပျော်နေတာပေါ့။

"Hyung... Jongin နဲ့ hyung နဲ့ ကိုကြည့်ရတာ ရင်းနှီးသလိုပဲ။ Jongin နဲ့ အရင်ကတည်းက သိတာလား" chanyeol တစ်ယောက် ညစာစားနေရင်းနဲ့ သူ၏ရှေ့တွင် ထိုင်နေသော kris ကို ခေါင်းမော့၍ ကြည့်လိုက်ကာ မေးလိုက်လေသည်။

"သူက ကိုယ့်ရဲ့ ညီတစ်ဝမ်းကွဲလေ... Wae???" Kris သူ၏ မျက်ခုံးကို ပင့်လိုက်ကာ chanyeol ၏ လျှပ်တပြက်မေးခွန်းကို ပြန်ဖြေလိုက်လေသည်။

Chanyeol လည်း ဘာမှမဟုတ်ပါဘူး ဆိုသည့်သဘောနှင့် ခေါင်းနှစ်ဖက်ကို အသာအယာ ရမ်းလိုက်ပြီး kris အားပြုံးပြလိုက်လေသည်။

ထို့နောက် သူဆက်ပြီး မသိုဝှက်ထားချင်တာနဲ့ kris အားဖွင့်ပြောပြလိုက်လေသည်။

"မဟုတ်ပါဘူး hyung ရဲ့... ကျွန်တော့်ရဲ့ သူငယ်ချင်း arni အခင်ဆုံး သူငယ်ချင်း d.o လေ... hyung သိပါတယ်.... Jongin က သူ့ရဲ့ crush လေ..အဲ့ဒါကြောင့် အကယ်၍များ jongin နဲ့ hyung နဲ့ သိနေခဲ့လို့ရှိရင် ကျွန်တော်တို့ အတူတူ d.o ကို jongin နဲ့ နီးစပ်ဖို့ကို ကူညီပေးလို့ရတယ်လို့ ကျွန်တော် စဉ်းစားမိလို့ပါ... အခုတော့ ပိုအဆင်ပြေသွားတာပေါ့....jongin က hyung ရဲ့ ညီတစ်ဝမ်းကွဲဆိုတော့....ခ်ခ် ကျွန်တော်တို့ အစီအစဉ် လျောလျောလျူလျူ အောင်မြင်မယ်ထင်တာပဲ...ဟီး..." chanyeol သူ့သွားလေးတွေပေါ်အောင် ရယ်လိုက်ကာ kris အား ပြောပြလိုက်လေသည်။

Chanyeol တစ်ယောက် သူ kris နဲ့ ရှိနေတဲ့အချိန်မျိုးမှာ ခံစားရတဲ့ပျော်ရွှင်မှုမျိုးကို d.o တစ်ယောက်လည်း ကြုံတွေ့ရတော့မှာပါ့လား ဆိုပြီး သူ၏စိတ်ထဲတွင် တွေးတောကာ ကျေနပ်နေလေသည်။

"It's you" [Krisyeol]Tahanan ng mga kuwento. Tumuklas ngayon