6. Confession~

2.1K 189 6
                                    

ပြီးတော့ canteen မှ ထွက်ခွာရန် အပြင်ဘက်သို့ ဦးတည်နေစဉ် မမျှော်လင့်သောသူတစ်ယောက်ကို သူ့ အရှေ့ တွင်တွေ့ လိုက်ရလေသည်။

"d.o-ah...chanyeol ဘာဖြစ်တာလဲ??" kris စိုးရိမ်တကြီး မေးလိုက်ပြီး ချက်ချင်းဆိုသလို chanyeol ရဲ့ ညာဘက်လက်လေးကို သူ့ ပခုံးပေါ်သိုင်းဖက်လိုက်တာပေါ့။

"သူ..သူ..နေမကောင်းဖြစ်နေလို့ ..အဲ့ဒါ .. kris ကူညီပေးနိုင်မလားဟင်??" chanyeol ကို စိတ်ပူနေတဲ့အတွက် d.o က kris ကို အဲ့ဒီ့ အချိန်မှာ ကောင်းကောင်း မနှုတ်ဆက်လိုက်ပေမယ့်လည်း kris ကတော့ နားလည်ပေးရှာပါတယ်။

"d.o-ah...မင်းအတန်းတက်ရဦးမှာ မလား...ငါပဲ သူ့ ကို ကျောင်းဆေးခန်းလိုက်ပို့ ပေးလိုက်မယ်" kris d.o ကို ပြောလိုက်သည်။

d.o ကလည်း လက်ခံသည့်သဘောနှင့် ခေါင်းငြိမ့်ပြသည်။

ဒီ အချိန်မှာ chanyeol ဘေးမှာ သူ့  ထက် kris ရှိနေရင် ပိုကောင်းမယ်ဆိုတာ d.o ယုံကြည်လို့ လေ။

ထို့ နောက် kris တစ်ယောက် chanyeol ကို ပခုံးသိုင်းဖက် ချီရာကနေ သတို့ သမီးလေးကို သတို့ သားလေးက ချီသလိုမျိုး bridal style ဖြင့် chanyeol အား ပွေ့ ချီလိုက်လေသည်။

chanyeol လုံးဝ အသိစိတ်ပျောက်ဆုံးနေသည် မဟုတ်သည့် အတွက် သူ့ ကို တစ်စုံတစ်ယောက်က ပွေ့ချီ ထားသည် ဆိုသည်ကို သူကောင်းကောင်းကြီး သိနေပါသည်။

"ကျွန်တော့်ကို တစ်ယောက်ယောက်ပွေ့ ချီထားတယ်... ဒါပေမယ့် ဘယ်သူလဲတော့ ကျွန်တော်မသိဘူး..ကျွန်တော့် မျက်ခွံတွေ အရမ်းလေးလံနေတဲ့ အတွက် ကျွန်တော် မျက်လုံးကိုတောင် မဖွင့်နိုင်ဘူး..ဒါပေမယ့် d.o မဟုတ်တာတော့ ကျွန်တော် အသေအချာပြောနိုင်တယ်..d.o က ကျွန်တော့် ကိုယ်လုံးကြီးကို ဘယ်နိုင်ပါ့မလဲ..ဒါဆို ဘယ်သူများဖြစ်နိုင်မလဲ?? kris hyung များလား??" chanyeol တစ်ယောက် သူ့ စိတ်ထဲတွင် ရေရွတ်နေသည်။

ထို့ နောက် သူ၏ မျက်လုံးများကို ကြိုးစားပြီး ဖြည်းဖြည်းချင်းဖွင့်ရာ နောက်ဆုံးတွင် chanyeol တစ်ယောက်သူ အရမ်းချစ်တဲ့  kris hyung ကို တွေ့ လိုက်ရတဲ့ အခါမှာ chanyeol အရင်တုန်းကလို လန့် ဖျတ်မသွားခဲ့ပါ။

"It's you" [Krisyeol]Where stories live. Discover now