8.What he said is partly true~

2.3K 187 0
                                    

Kris တစ်ယောက် သူ၏အချစ်ကို လက်ခံလိုက်ပြီးတဲ့နောက်မှာ ဒီနေ့ chanyeol တစ်ယောက် ကျောင်းသွားဖို့ကို အရင်ကထက်ပိုပြီး အဆပေါင်းများစွာ စိတ်လှုပ်ရှားနေလေသည်။

Chanyeol သူ့ omma ကို အဲ့ဒီ့ အကြောင်း ပြောသင့် မပြောသင့်ကို အကြိမ်ကြိမ် စဉ်းစားပါတယ်။

နောက်ဆုံးမှာတော့ တစ်နေ့လည်းသိမယ့်အတူတူ ၊ ဖုံးကွယ်ထားတာ နှစ်ယောက်စလုံးအတွက် မကောင်းဘူး ဆိုပြီး သူ့ omma ကို မညာချင်တာနဲ့ chanyeol တစ်ယောက် ပြောပြဖို့ ဆုံးဖြတ်လိုက်လေသည်။

ပွင့်လင်းသူပီပီ chanyeol သူ၏ omma ကို သူက kris ဆိုသော ကျောင်းရှိ senior တစ်ယောက်နှင့် တွဲနေကြောင်းကို မသိုမဝှက်ဘဲ ပြောပြလိုက်လေသည်။

Chanyeol omma ကတော့ chanyeol kris ဆိုတဲ့ ကောင်လေးကို uni စတက်ကတည်းက ကြိုက်နေတယ် ဆိုတာ ကောင်းကောင်းကြီးကို သိတာပေါ့။

Kris ကို မြင်သာမမြင်ဘူးတာ သူ့အကြောင်းတွေကို chanyeol ဆီက အမြဲကြားနေရတယ်လေ။

ဟုတ်ပါတယ်.. ထင်ထားတဲ့အတိုင်းပါပဲ... chanyeol kris နဲ့ တွဲနေပြီ ဆိုတာလည်းကြားရော chanyeol omma အရမ်းကို အံ့ဩတုန်လှုပ်သွားတယ်။

ဒါပေမယ့် သူ့သားရဲ့ ပြုံးပျော်ရွှင်နေတာကို တွေ့ရတော့ chanyeol omma လည်း ဘာမှ မပြောတော့ဘဲ ဒီအတိုင်း ထား,ထားလိုက်တာပေါ့။

"ဒါဆို ကျွန်တော်တို့ သွားလိုက်ပါဦးမယ်.. Mrs.Park.." kris တစ်ယောက် ခေါင်းလေးငုံ့ကာ chanyeol omma ကို ရိုရိုသေသေ နှုတ်ဆက်လိုက်ပြီး chanyeol လက်ကို ဆွဲလိုက်ကာ သွားရန် ဟန်ပြင်နေပါတော့သည်။

"သက်တောင့်သက်သာ omoni လို့ပဲ ခေါ်ပါ kris ရယ်... ဘာပဲဖြစ်ဖြစ် သားလေး chanyeol နဲ့လည်း သာမန်ဆက်ဆံရေးမျိုးမှ မဟုတ်တော့တာ..." chanyeol omma တစ်ယောက် တခစ်ခစ် ရယ်လိုက်ရင်း kris အားပြောလိုက်လေသည်။

kris ကလည်း chanyeol omma ပြောသည်ကို သဘောကျကာ chanyeol ကို ကြည့်လျက် တခစ်ခစ် နှင့် ရယ်ပါတော့သည်။

"ဟာ...omma ကလည်း!!!..."chanyeol တစ်ယောက် သူ့ omma ပြောသည့် စကားများကြောင့် ရှက်သွားပြီး ပါးပြင်တစ်ခုလုံး နီရဲတက်လာပါတော့သည်။

"Gwinchenna yeol-ah?.... ဘာလို့  မျက်နှာက ရဲတွတ်နေရတာလဲ?" kris တစ်ယောက် ပြောနေရင်းနဲ့ chanyeol ရဲ့ နူးညံ့လှတဲ့ ပါးပြင်လေးကို ဆတ်ခနဲ အသာအယာ ဆွဲလိုက်လေသည်။

"It's you" [Krisyeol]Where stories live. Discover now