7. My Doctor♡~

2.2K 186 2
                                    

ထို့ နောက် chanyeol လှည့်ထွက်သွားပြီး လှေကားသို့  ပြေးဆင်းမည်အလုပ်တွင် ရုတ်တရက် သူ၏လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ခြင်းကို ခံရလေသည်။

ပြီးတော့ kris chanyeol ကို ပြန်ထိုင်ခိုင်းလိုက်လေသည်။

"Chanyeol-ah... ငါပြောတာကိုလည်း နားထောင်ပေးပါဦး..ဒါနဲ့... မင်းခုနက ဘာပြောလိုက်တယ်.. ငါက ယောင်္ကျားလေးတစ်ယောက်ကို မကြိုက်ဘူး? ဟုတ်လား? အရင်တုန်းကတော့ မှန်ကောင်းမှန်လိမ့်မယ်.. ဒါပေမယ့် အခုတော့မဟုတ်တော့ဘူး... chanyeol-ah , မင်းထင်တာ လုံးဝကို မှားသွားပြီ... ဘာလို့လဲဆိုတော့.. ဒီက..ဒီ kris ဆိုတဲ့ငါက.. park chanyeol ဆိုတဲ့ မင်းအပေါ်ခံစားချက်တွေ ရှိနေလို့ပဲ.. "

နောက်ဆုံးတွင် kris chanyeol ကို တိကျတဲ့ အဖြေတစ်ခု ပေးလိုက်နိုင်ခဲ့လေသည်။

chanyeol မှာမူ kris ပြောသော စကားလုံးများကို ကြားလိုက်ရသောအခါ ရှက်လွန်း၍ kris ၏ မျက်နှာကိုပင် မကြည့်ဝံ့တော့ဘဲ ခေါင်းလေးကိုသာ ငုံ့ ထားလေသည်။

ထိုအခါ Kris တစ်ယောက် chanyeol ၏ မေးစေ့လေးကို ကိုင်လိုက်ကာ သူနှင့် အကြည့်ချင်းဆုံသွားအောင် ပြုလုပ်လိုက်ပြီး chanyeol မျက်နှာလေးကို တစိမ့်စိမ့် ကြည့်နေလေသည်။

ထို့ နောက် ရှေ့ သို့ တဖြည်းဖြည်းတိုးလာပြီး chanyeol ရဲ့ နှုတ်ခမ်းပါးလေးကို သူရဲ့ ဖူးညွတ်နေတဲ့  နှုတ်ခမ်းလေးနဲ့  ဖိနှိပ် ထိကပ်လိုက်ပြီး အချိုမြိန်ဆုံး၊ အဖြူစင်ဆုံး၊ အကြင်နာဆုံးသော အနမ်းလေးတစ်ပွင့် ကို chanyeol အား ပေးလိုက်လေသည်။

ထိုအခါ chanyeol လည်း ခံစားမှုအသစ်တစ်မျိုး ရရှိသည့် အတွက် မျက်နှာ ပူထူသွားသလို ခံစားလိုက်ရလေသည်။

သို့ သော် kris အား အလွန်ချစ်မြတ်နိုးသည့် အတွက် chanyeol တစ်ယောက် ချိုမြိန်သော အနမ်းများကို ပြန်လည် ခွန်းတုံ့ ပြန်နေလေသည်။

second အနည်းငယ်ကြာအောင် နှစ်ဦးသား အနမ်းချင်း ဖလှယ်လို့  အပြီးမှာတော့ kris တစ်ယောက် ဖိကပ်ထားတဲ့ သူရဲ့ နှုတ်ခမ်းဖူးလေးကို chanyeol ရဲ့ နှုတ်ခမ်းပါးလေးဆီမှ ခွာလိုက်ပြီး Chanyeol အကြားချင်ဆုံးသော စကားတစ်ခွန်းကို ပြောလိုက်ပါတော့သည်။

"It's you" [Krisyeol]Where stories live. Discover now