11.Rejected~
2K 190 0
အခု chanyeol တစ်ယောက်မူကား သူ့ အိမ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူ၏ omma အား တင်းကျပ်စွာ ဖက်ထားကာ မျက်ရည်တို့ ဖြင့် ပြည့်နှက်နေသော သူ၏ မျက်နှာလေးကိုလည်း omma ရင်ခွင်ထဲတွင် နစ်မြှုပ်ထားလေသည်။
ဟုတ်ပါတယ်။ chanyeol တစ်ယောက် ဖြစ်ကြောင်းကုန်စင် အားလုံးကို သူ့ omma အားပြောပြလိုက်ပါတယ်။
chanyeol omma ကတော့ "အရာအားလုံး အဆင်ပြေသွားမှာပါ… သားလေးမငိုနဲ့ တော့… " ဆိုပြီး နှစ်သိမ့်ပေးရုံက လွဲပြီး တခြား ဘာမှလုပ်ပေးလို့ မရပါဘူး။
"အစကတည်းက d.o ပြောတာကို ကျွန်တော် နားထောင်လိုက်ရမှာ omma ရဲ   … T_T … ကျွန်တော် ဖြစ်ပျက်ခဲ့တဲ့အရာအားလုံးအတွက် နောင်တရလို့ မဆုံးဘူး T_T…"
chanyeol တစ်ယောက် သူ့  omma ကို ပြောလိုက် ငိုလိုက်နှင့် အလွန်ပင် ခံစားနေရလေသည်။
သူ၏ ဆံနွယ်တွေကလည်း ရှုပ်ပွနေပြီး မျက်လုံးများကလည်း အလွန်အမင်း ငိုထားသည့် ဒဏ်ကြောင့် အတော် နီရဲကာ ဖောင်းအစ်နေသည်။
"မဟုတ်သေးဘူး သား… သားမှ မဟုတ်ဘူး … လူတိုင်း အချစ်ရေးနဲ့ ကြုံလာတဲ့အခါမှာ အမြဲတမ်း အကောင်းချည်းပဲဆိုတာ မရှိဘူး… ဒီ လမ်းကို ရွေးရင် လူတိုင်း တစ်ခုမဟုတ် တစ်ခုတော့ အချစ်ကြောင့် ခံစားရတာချည်းပဲ… အဲ့ဒီ့ ခံစားမှုတွေကနေ ကိုယ့်ကို ရင့်ကျက်လာအောင် သင်ပေးသွားတာ…သားရယ် သားလို လိမ္မာတဲ့သူတစ်ယောက်က kris ထက်သာတဲ့သူကို တွေ့ မယ်လို့  omma ယုံတယ်…"
"Ani… omma ကျွန်တော်က kris hyung ကို ပဲ ချစ်ခဲ့တာ… ဒါပေမယ့်… သူ..သူကတော့ …  ကျွန်တော့်ကို… အဲ့လို လုပ်ရက်တယ် omma ရယ် T_T…"
chanyeol ၏ မျက်ရည်များက ရေတံခွန်မှ ရေများ စီးကျလာသလို ပို၍ပင် ဒလဟော ကျဆင်းလာလေတော့သည်။
chanyeol omma လည်း ဘာမှ ဆက်မပြောတော့ပဲ chanyeol ကို ကြည့်၍ သက်ပြင်းသာချနေလေသည်။
ထိုစဉ် 
~Ding Dong Ding Dong~
bell တီးသံ ကြားသဖြင့် chanyeol omma က chanyeol အား သူတံခါးသွားဖွင့်မည်ပြောသဖြင့် chanyeol လည်း omma ကို ဖက်ထားရာမှ ခွာလိုက်လေသည်။
"It's you" [Krisyeol]Tahanan ng mga kuwento. Tumuklas ngayon