MN_[1]

44.3K 1.1K 13
                                    

Unicode //


"ဒုန်း ခွက် "

ငေးနေရာ မီးနီလို့ကားရပ်နေခိုက် အနောက်က၀င်တိုက်လာသည့် ကား​ကြောင့် နဖူးနာသွားတာအီစလန်ဝေသွားသည်။ ဘယ်ကောင်က ၀င်တိုက်မှန်းမသိဘူး ။ စည်းကမ်းမရှိတဲ့ဟာတွေ တောက်စ် ။

ကားပေါ်ကဆင်းပြီးကြည့်တော့ အနက်ရောင်ပြိုင်ကားတစ်စီး၊ မော်ဒယ်ကတော့တော်တော်မြင့်သည်။ ကားပေါ်ကလူလဲ မဆင်းလာ၊ သူကလဲ၀င်တိုက်သေးတယ်၊ တောင်းပန်စကားလဲ မပြော ဘယ်လိုလူတွေနဲ့လာတွေ့နေမှန်းမသိဘူး။

"ဒေါက် ဒေါက်" "ဟေ့လူ တံခါးဖွင့်စမ်း ၀င်လဲတိုက်သေးတယ် ခင်ဗျားကတောင်းလဲမတောင်းပန်ဘူး "

မိုင်းညို့ရှင် မြန်မာပြည်ရောက်ရောက်ချင်း အကူမခေါ်ပဲ ကားမောင်းထွက်တာအရှိန်လွန်ပြီး ရှေ့ကကားကို၀င်ကြုံးမိလိုက်သည်။ကိစ္စကတော့တော်တော်ကြီးမည်ထင်သည်။ ဒါပေမဲ့ no problem ပါ သူငွေပေးလိုက်ရင် အဆင်ပြေသွားမှာပါ။

သူဆင်းကြည့်မည်လုပ်ခိုက် ရှေ့ကကားကထွက်လာသည့် ကောင်လေးကြောင့် ၁မိနစ်လောက်ဆွံ့အသွားသည်။

ဆံပင်အဖြူရောင်Highlight၊ဟူဒီအဖြူရောင်နဲ့ ဂျင်းအနက်ရောင် ၀တ်ထားတဲ့ ကောင်လေးတစ်ယောက် သူထပ်အနည်းငယ် ငယ်မဲ့ပုံပင် ။ K idolsပုံစံမျိုးလေးနဲ့မို့ အခုခေတ်ကောင်မလေးတွေအကြိုက်ပင်။ အဝေးကကြည့်တာတောင်ထင်းပြီးချစ်စရာလေးဖြစ်သည်။ ကားမှန်လာခေါက်ပြီး ပွစိပွစိနဲ့ ရန်တွေ့နေတဲ့ ကလေးလေးကိုကြည့်ပြီး သူရယ်မိသည်။ ကလေးလို့သာသုံးနှုန်းလိုက်ရတာ အမှန်တော့ သူ့ထက်အလွန်ဆုံးငယ်လှ ၁လလောက်ပင်။ ဖြူ၀င်းတဲ့အသားရေနဲ့ ထင်းနေတဲ့သွားစွယ်လေးကြောင့် တကယ်ချစ်ဖို့ကောင်းသည်။ မျက်လုံးလေးကရွန်းစိုပြီး၀ိုင်းနေတာ မိန်းကလေးတောင် သူ့လောက်လှမည်မထင်။

ငေးနေရာမှူး စိတ်ကလဲမရှည်တော့ လက်ဆစ်ကလဲနာလာပြီ။ ကားပေါ်ကလူကလဲ မဆင်းတာနဲ့ အနီးအနားက အုတ်နီခဲကိုယူပြီး ထုမယ်အလုပ် လက်ရွယ်နေစဉ်

"ဟေ့ ဟေ့ မင်းဘာလုပ်တာလဲ"

"ဟ့ ကျွန်တော် ဒီလောက်တံခါးခေါက်နေတာ ခင်ဗျားမှ ဆင်းမလာတာ သေများသေနေတာလားလို့ စိုးရိမ်ပြီး အုတ်ခဲနဲ့လဲထုပေးရဦးမယ် ကျေးဇူးမတင်ပဲ လာအော်နေတယ်"

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now