Part 24 Uni/ZG

6.9K 312 8
                                    

Unicode//

                       
မနက်ခင်းစောစောမှာ ညို့ကအရင်နိုးလာ၏။ ရင်ခွင်ထဲမှာလစ်လပ်နေတဲ့အနွေးဓာတ်ကြောင့် အလန့်တကြားမျက်လုံးဖွင့်မိသည်။ သူ့အနွေးဓာတ်လေးက သူနဲ့အနည်းငယ်လှမ်းတဲ့နေရာမှာ မှောက်ရက်အိပ်ပျော်နေတာပင်။ လက်ထဲမှာလဲဖုန်းကတန်းလန်းကြီး ၊ ဒီကောင်လေးအိပ်‌‌နေတာအနေထားမမှန်တော့ကိုယ်လက်တွေနာတော့မှာပဲ။

သူ့ဘက်ကိုဆွဲလိုက်တော့ ကိုယ်လုံးလေးကအလိုက်သင့်လေးပါလာသည်။ ချစ်ရသူလေးကိုရင်ခွင်ထဲမှာ အနည်းငယ်ကြာတဲ့အထိဖက်ထားလိုက်မိသည်။ လိုနေတဲ့အနွေးဓာတ်လေးက ငေးနေရာမှူးဆိုတဲ့ နေရောင်ခြည်လေးဆီမှာပင်။ နာရီ၀က်လောက်နေတော့ ငေးကလှုပ်လာသည်။ဖက်ထားမိတာ ထင်းသွားသည် ထင်သည်၊ အနည်းငယ်ရုန်းလာသည်။

"မောင် ! တော်တော့ အားနည်းနည်းလျော့ပါဦး ငါ့ခါးကျိုးတော့မှာပဲ ကျားကိုးစီးစားမကုန်တဲ့မင်းခန္ဓာကိုယ်ကိုမှအားမနာကွာ ဖယ်စမ်း မင်းအလုပ်သွားရမယ်လေ"

"အင်း ခဏပဲ"ဆိုပြီး သူ့လက်ကအားကိုလျော့ပေးကာဆက်ဖတ်ထားသည်။ နာရီ၀က်လောက်နေမှ ငေးကထုရိုက်ကာဆူသည်မို့ အဲ့အချိန်မှလွှတ်ပေးတော့သည်။ ဒါလေးဖက်တာကို တွန့်တိုလိုက်တာလွန်ရော ကပ်စီးကပ်ငေးနေရာမှူး ! ။

"အင်း ‌မောနင်းကစ် "

နှုတ်ခမ်းကြီးဆူကာ မောနင်းကစ်တောင်းနေတဲ့မောင့်ကိုကြည့်ပြီး ငေးမှာရယ်ချင်မိသည်။ တကယ်ပါဘယ်လိုတောင် ဘာတွေစားပြီးချစ်ဖို့ကောင်းနေရတာလဲ။ သူ့မှာချစ်လိုက်ရတာ တကယ်ချစ်ဖို့ကောင်းတယ် ဟားဟား။ ပါးကိုဖောင်းလို့ ရုပ်ကယောင်္ကျားဆန်ပင်မဲ့ ပါးကတော့ဖောင်းတာမကျသွားပေ။ အား တွေးနေရင်း ဖျစ်ညစ်ချင်လာပြီ ချစ်ဖို့ကောင်းလိုက်တာ သူ့အမျိုးသားက ခိခိ။

"အင်း မွ"

ငေးကထိရုံလောက်သာနမ်းလိုက်ပင်မဲ့ မောင်ကတော့ နှုတ်ခမ်းကိုပြန်၍စုပ်ယူထားသည်။ ငေးလဲ‌ မောင့်လည်တိုင်ကိုပြန်ဖက်ကာညအလိုက်သင့်လေးပြန်နမ်းသည်။ ညို့နီရဲကာစိုစွတ်နေတဲ့ နှုတ်ခမ်းပါးလေးကိုပြင်းရှစွာနမ်းရင်း ခံတွင်းထဲထိပါလည်ပတ်နေသည်။ နှုတ်ခမ်းနားမှာ အချစ်ရည်တွေစီးကျနေသည်အထိ မက်မက်မောမော နမ်းရှိုက်သည်။ ရင်ဘတ်ကို ထုရိုက်သတိပေးနေတဲ့ လက်သီးစုတ်လေးတွေ‌ကြောင့် နမ်းခြင်းအမှုကို ရပ်တန့်လိုက်ပြီး ငေးရဲ့ခေါင်းလုံးလုံးလေးကို မြတ်နိုးစွာနမ်းသည်။
ဆက်သာနမ်းနေရင် သူမထိန်းနိုင်တော့ပေ။ အလုပ်သွားနောက်ကျမည်ဆိုးရဲ့သာ ရပ်လိုက်ရသည်။ သူ့ဖွားဖက်‌တော်ကလဲ အောက်ကမာန်ထောင်နေပြီမို့ ရေချိုးခန်းထဲသာအပြေး၀င်လိုက်ရသည်။

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now