MN_[16]

8.8K 458 6
                                    

Unicode //

*ဖုန်းမည်သံ*

သူတစ်ယောက်ထဲအတွက်ရည်ရွယ်ထားတဲ့ ဖုန်းသံလေးကြောင့်ညို့ မျက်လုံးတွေက နွေးထွေးမှုဖျက်ပြေးသွားသည် ။ အေးစက်နေသည့် လေထုက ချက်ချင်းနွေးထွေးသွားသည် ။

"ဟယ်လို "

"မောင် ငါနဲ့vcပြောမယ် လိုင်းပေါ်တက်ခဲ့"

"ဟုတ်ပြီ".

တိတ်ဆိတ်နေတာကြောင့်ဖုန်းထဲက အသံကို သူတို့အားလုံးရှင်းရှင်းလင်းလင်းကြားလိုက်ရသည် ။ ညို့ကိုငြင်းမယ်ထင်ထားလိုက်ပင်မဲ့ လက်ခံလိုက်တာကြောင့် စိုင်းယံကလွဲပြီး အကုန်လုံးကတစ်အံ့ဩတဩဖြစ်ကုန်ကြသည် ။ ချိုသာနေသောအသံကြောင့် တော်ရုံလူမဟုတ်တာကိုခပ်မှန်းမိလိုက်ကြသည် ။

"စိုင်းယံ laptop နဲ့ချိတ်ပေး"

"ဟုတ်ကဲ့သခင်လေး"

စောင့်ဆိုင်းနေသည့် လူအများကိုလည်း မှာစရာရှိတာ မှာရန်စကားစလိုက်၏။

“အစည်းဝေးသိမ်းမယ် နောက်နေ့မှပြန်ဆက်အလုပ်ကိစ္စတွေကိုပြန်ဆက်မယ် လိုအပ်တာတွေကို စိုင်းယံကိုတင်ပြထားလိုက် ၊လက်မှတ်ထိုးစရာတွေရောပဲ"

"မောင် ....မင်းဘာလုပ်နေတာလဲ ငါပျင်းတယ်"

အသံကိုစွဲပြီးပြောတာကြောင့် သူ့အသံကချစ်စဖွယ်လေးပင် ။ ရုပ်လေးကလဲတကယ်ကို ဘာရုပ်မှန်းမသိ။ သွေးအားနည်းနေသေးတာကြောင့် ဖြူရော်နေတာကလွဲရင် လူနာနဲ့တောင်မတူပေ ။

အစည်းဝေးခန်းထဲက လူတွေအပြင်ကိုထွက်နေတုန်းမို့ အကုန်လုံးကအပြင်မရောက်သေးပေ။ Laptop ထဲက ကောင်လေးရဲ့အသံကိုလည်း သေချာစွာကြားလိုက်ကြသည်။

"မောင်အလုပ်လုပ်နေတာပေါ့ မင်းကရော ထမင်းစားပြီးပြီလား ငေး"

လက်မှာပတ်ထားတဲ့နာရီကိုကြည့်ပြီး သူ့ကလေးလေးကိုမေးလိုက်သည် ။ အချိန်က၅နာရီတောင်‌‌ ကျော်နေပြီပဲ ။

"မစားရသေးဘူး ငါမောင့်ကိုစောင့်နေတာ မောင်လာမှစားမယ်"

"မောင်က ကြာဦးမှာ ငေးစားထားနှင့်၊ မောင်ပြန်လာရင် မင်းကြိုက်တဲ့ မုန့်၀ယ်ခဲ့မယ်လေ"

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Tempat cerita menjadi hidup. Temukan sekarang