MN_[6]

10.6K 589 6
                                    

Unicode//


မိုင်းညို့ရှင် ဒီနေ့ ပန်းချီလွှာဆိုတဲ့ မိန်းမနဲ့ ညစာစားပေးရမည်။ အရင်ကဆို အလိုက်အထိုက်နေခဲ့ပေမဲ့ အခုကတော့ မနေချင်တော့ သူ့နှလုံးသားထဲမှာ လွန်ခဲ့တဲ့ လေးနှစ်ကထဲက ၀င်ရောက်စိုးမိုးနေသူလေးရှိနေပြီ။ အခုချိန် ငေးဘာများလုပ်နေလောက်မလဲ တွေးမိတော့ အပြုံးတွေကမျက်နှာထက်ကိုနေရာယူလေသည်။ ငေးနေရာမှူးဆိုတဲ့နာမည်အတိုင်း သူ့ရင်ဘတ်တစ်ခုလုံး ၊စိတ်အစုံတစ်ခုလုံးကို နေရာယူကာ စိုးမိုးလွန်းသည်။

အဲ့အတွက် အခုလို မိန်းမများနဲ့ မပတ်သတ်ချင်တော့‌ပေ ။ သူ့ရုပ်ရည်နဲ့စည်းစိမ်ကိုကြည့်ပြီး သူ့နားကပ်တဲ့သူက အများဆုံးမို့ ဘယ်သူ့ကိုမှမယုံ မာယာတွေနဲ့ အော်ဂလီဆန်စရာတွေလို့သာမြင်သည်။

‌ဒယ်ဒီတို့ကလဲ အခုထိ‌ ငေးနေရာမှုးကို မတောင်းပေးသေး၊ အချိန်စောင့်ဦးလို့ပြောသည်။ ဖြစ်နိုင်ရင်မစောင့်ချင်တော့ မြန်မြန်သာ လက်ထပ်ယူပစ်ချင်သည်။ အနာဂတ်ယောက္ခမက စောင့်ပါဦးဆိုလို့သာ စောင့်ပေးနေသည်သာ။သူ့စိတ်နဲ့သာဆိုရင် ဒီနေ့တောင်း ဒီနေ့ လက်ထပ်ဖြစ်လောက်မည် အဲ့သလောက် ချစ်မြတ်နိုးရပါသည်။ သို့သော် သူ့နှလုံးသားကိုခိုးယူသွားတဲ့ ကောင်လေးကတော့ အခုချိန်ထိမသိသေးလောက်ပေ။

"ကိုညို့ အဆင်သင့်ပဲလား သွားကြမယ်" ပန်းချီလွှာခေါ်သံကြောင့် အတွေးထဲနစ်မြောနေရာကနေ ရုန်းထွက်မိသည်။မြန်မြန်ပြီးမြန်မြန်နားအေးသည်ဟုသာ တွေးရင်းသွားရန်ပြင်လိုက်သည်။

ပန်းချီလွှာကတော့ သူ့ကိုကြည့်ရင်း သူ့အလှကို နစ်မြောနေသည်ဟုသာ ထင်လျှက် စိတ်ထဲကြိတ် သဘောကျနေသည်။

"အဟင်း သူ့အလှကိုမခံနိုင်ပါဘူးလို့ ညို့ကလဲ ယောကျာ်းထဲကယောကျာ်းပဲလေ အကုန်တူတူပဲ"

"ကောင်းပြီ သွားကြမယ်"

စိုင်းယံကိုမှာစရာရှိတာမှာခဲ့ပြီး ဟိုကိုလိုက်လာခဲ့ရန်မှာလိုက်သည်။ Companyရုံးခန်းထဲက ထွက်လာတဲ့ သူတို့နှစ်ယောက်ကို ၀န်ထမ်းတွေ ကွက်ကြည့်ကွက်ကြည့်နဲ့ တီးတိုးပြောနေကြသည်။ အဲ့တာကိုပဲ ပန်းချီလွှာက ကြိုက်တာပင်။ တစ်လောကလုံး သူအပိုင်ရထားသည့် မျက်နှာနဲ့ လျှောက်သွားသည်။

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now