Part 30 Final

11.5K 364 15
                                    

Unicode

"ရှင်လင်းသွင်"

"ဂျာ"

"ဘာ ‌ဗျာ လဲ ဖေဖေက မဆော့ပါနဲ့လို့‌ပြောထားတာကို ကြည့်စမ်း မောင်နှမနှစ်ယောက်လုံးဆော့ထားတာ ပေတလူးကိုလန်နေတာပဲ "

"ချော့ပါဝူး ‌ဖေရဲ့ အဲ့တာ တားတားတို့ ချော်ယဲသွားတာ တိလား"

"အော် လဲတာက နှစ်ယောက်လုံး ချော်လဲတယ်ပေါ့လေ မင်းတို့ဘယ်သူ့ကိုလာညာနေတာလဲ"

ပေးလိုက်ရင် ဆင်ခြေဆင်လက် ကြည့်ပါဦး ဒီလောက်ထိ ပေတလူးခါနေတာကို ချော်လဲထားပါတယ်ဆိုပြီး ဖြေရှင်းချက်ပေးနေတယ် ။ ဘယ်သူက တကိုယ်လုံးပေအောင် ချော်လဲလို့လဲ။

"ဟုတ်ရယ် ဖေရဲ့ မီးမီးတို့ ချော်ယဲသွားတာ အဲ့တာ ခွေးခွေးကြီးလေ အာ့ မီးတို့နောက်လိုက်လို့ ဖေရဲ့ ဟင့် ဒီမှာကြည့်ပါဦး နာသွားဘီတိလား "

မောင်နှမနှစ်ယောက်သား မျက်နှာငယ်လေးနဲ့ အကယ်ဒမီပေးလို့တောင်ရတယ် ။ ဒါဘယ်သူ့သားသမီးတွေပါလိမ့် ။ တစ်နေ့တစ်‌နေ့ ဆော့ချက်က လက်လန်တယ် ။ ထိန်းလို့ကိုမနိုင်ဘူး ။ အခုလဲ မီးဖိုခန်းထဲမှာသူတို့အတွက်မုန့်သွားလုပ်ပေးတာ မဆော့ပါနဲ့လို့သေချာမှာသွားတာကို ရွဲ့များရွဲ့နေသလားပဲ ။ ခေါက်ချင်စရာလေးတွေ ။

"နှစ်ယောက်သား မူပိုချက်ကတော့နော် မင်းသားမင်းသမီးလုပ်စားလို့ရပြီသိလား ခုနကပဲရေချိုးပေးထားတာကို အခုထပ်ပေပြန်ပြီ မင်းတို့ ငါ့ကို ကျွန်ကြီးများ ထင်နေသလား တနေ့တနေ့ မင်းလေးတို့ အ၀တ်တွေထိုင်လျှော်နေရတာ မဟုတ်တော့ဘူးနော်"

"ဖေကလဲ ဒယ်ဒီ့ကိုပါလျှော်ခိုင်းလိုက်ယေ"

"မင်းတို့ဒယ်ဒီက လုပ်ကူဖို့နေနေသာသာ သူ့အလုပ်နဲ့သူတောင်ရှုပ်နေတာ စားဖို့ကျတော့သိတယ် လုပ်ကျမကူချင်ဘူး "

"ဖေ ဘာချားတာလဲဟင်"

"အမ်.."

သူကသဘောရိုးနဲ့ပြောလိုက်တာ ဒီကလေးတွေလုပ်မှ သူတောင်မဟုတ်တာတွေးမိပြန်ပြီ။ မျက်နှာကိုဖျန်းခနဲပူသွားတာပဲ။ ‌ညို့ကလဲ အိပ်ချင်ယောင်ဆောင်နေရင်း ထရယ်ပါလေသည်။ သူကသားနဲ့သမီးကိုဆူနေကထဲက နိုးနေတာဖြစ်သည်။ ကလေးနှစ်ယောက်နဲ့ပွဲဆူနေတဲ့ သူ့ပေါက်စကြောင့် အိပ်ချင်ယောင်ဆောင်နေတာဖြစ်သည်။ မဟုတ်ရင် မြှားဦးက သူ့ဘက်လှည့်လာမှာမို့ပင်။

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now