Extra _ 1

6K 309 39
                                    

Unicode//

At Headmistress Room ...

"ဘာဖြစ်လို့ သူ့ကိုရိုက်လိုက်ရတာလဲ သားရှင်လင်းသွင်"

"အရိုက်ခံသင့်လို့"

"မင်းမိဘတွေကဒီလိုပဲသင်ထားတာလားကွ ငါ့သားကိုလုပ်ထားပြီး ဒီအတိုင်းတော့ပြီးသွားမယ်မထင်နဲ့ သူ့မိဘတွေကိုခေါ်ပေးပါ "

"ဟုတ်တယ် ခေါ်ပေးပါ လုံး၀မကျေနပ်နိုင်ဘူး ကျွန်မသားကိုအခုလိုလုပ်ထားတာကို"

"အသွင် ဟိုမှာသွားထိုင် ညောင်းနေဦးမယ်"

"ဟုတ် ကိုကို ကိုကိုရောထိုင်"

"အင်း"

ကလေးနှစ်ယောက်က ဂရုမစိုက်စွာရပ်နေရင်း ရှင်လင်းသွင်က သူ့ညီမလေးကို ခုံမှာထိုင်ခိုင်းလေသည်။ အသွင်လေးကလဲ သူ့ကိုကိုစကားနားထောင်ကာ ဆိုဖာခုံပေါ်၌ တူတူထိုင်ကြ၏။ ဟိုဘက်က မိဘတွေကတော့ ဒေါသထွက်ကာ တောက်တခေါက်ခေါက်နဲ့ဖြစ်နေကြသည်။ ဆရာမတွေလဲ ခေါင်းကိုက်လို့နေသည်။ အဖြစ်မှန်ကို သေချာမသိသေးပဲ ဘာမှဆုံးဖြတ်လို့မရတာကြောင့် ဒီကလေးနှစ်ယောက်ရဲ့ အုပ်ထိန်းသူကို ခေါ်မှဖြစ်မည်။

"ဆရာမ ဒီကကလေးနှစ်ယောက်ရဲ့မိဘတွေကိုဖုန်းဆက်လိုက်ပါ"

"ဟုတ်ကဲ့ ဆရာမကြီး"

"........................"

"ဟယ်လို ရှင်လင်းသွင်နဲ့ရှင်ငေးသွင်တို့ အိမ်ကလားမသိဘူး "

"ဟုတ်ပါတယ် ကျွန်တော်က သူ့အဖေပါ ဘာကိစ္စများရှိလို့လဲ Teacher"

"ကလေးနှစ်ယောက်က ရန်ဖြစ်လို့ရုံးခန်းရောက်နေပါတယ်ရှင် အဲ့တာ ကျောင်းကိုမိဘတွေတစ်ချက်လာခဲ့ပေးပါရှင့်"

"နောက်၁၅မိနစ်နေရင်ရောက်ပါမယ် ဒါနဲ့သားကိုဖုန်းတချက်ပေးပေးလို့ရမလားခင်ဗျ"

"ဟယ်လို ဖေ "

"သားအ‌ဆင်ပြေတယ်မှတ်လား"

"ဟုတ် ဖေ ညီမလေးလဲရှိတယ် ဖေဖေဖြေးဖြေးမောင်းခဲ့နော် အမြန်မမောင်းရဘူး အန္တာရယ်များတယ်"

"ဟုတ်ပါပြီဗျာ ကျွန်တော်မျိုးကစကားနားထောင်ပါ့မယ် ခဏပဲသည်းခံစောင့်နော် ညီမလေးကိုလဲဂရုစိုက်"

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now