MN_[8]

10.5K 679 9
                                    

Unicode//


ပန်းချီလွှာ အရင်တစ်နေ့က ညို့ဆီပြန်သွားမလို့လုပ်နေရင်း ဒယ်ဒီရဲ့ရောဂါကထပ်ဖောက်လာသည်မို့ပြန်မသွားလိုက်ရ‌ပေ။ ဘာလို့အဲ့နေ့မှ လာဖြစ်ရတာလဲ ကျစ်! ကြံစည်ထားသမျှ အကုန်ရေစုန်မျောကုန်ပြီ။

နောက်တစ်ခါဆိုတာရှိလာပါ့ဦးမလား။ ညို့ကလွယ်လွယ်ကပ်နိုင်တဲ့သူမဟုတ်လေတော့ သူမစိုးရိမ်မိသည်။ အခုချိန်မှာသူမကိုအငြိုးနဲ့ပြန်လုပ်ရင်တောင် ခံရမည့်ဘက်ကမို့ တစ်ပူပေါ်တစ်ပူဆင့်ကာ စိုးရိမ်ကာနေတော့သည်။

သူမအတွေးထဲနစ်မြောနေရင်း ဦး၀ဏ္ဏက သတိရလာလေသည်။

"ဒယ်ဒီ သတိရလာပြီလား ဒယ်ဒီရယ်ဘာလို့အဲ့အချိန်မှထဖြစ်ရတာလဲ သမီးကိုညို့ကိုပိုင်ဆိုင်ရတော့မှာကို ကျစ်..!!"

သူမကဖခင်အတွက်စိုးရိမ်ပူပန်မှုအနည်းအကျင်းသာရှိ‌နေလေပြီး ယောကျာ်းတစ်ယောက်အတွက် ဖခင်ဖြစ်သူကိုသာ အပြစ်တင်လေသည်။

ဦး၀ဏ္ဏ မှာလဲ ဘာမှမပြောနိုင်၊ ချစ်ရတဲ့သမီးလေးရဲ့စိတ်မချမ်းမြေ့တဲ့ မျက်နှာကိုသာ‌ကြည့်ရင်းတိတ်ဆိတ်နေလေ၏။

မဟုတ်သေးဘူး ငါဒီအတိုင်းနေလို့မဖြစ်ဘူး ညို့ကိုသွားကြည့်ကြည့်ရမယ် သူ့ငါ့ကို‌စိတ်တိုနေလောက်မယ် ကျစ် ဘယ်လိုဖြေရှင်းရမလဲနော်။ အတွေးတွေယောက်ယက်ခပ်ကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်လို့နေသည်။

"ဒယ်ဒီ သမီးအပြင်ခဏသွားလိုက်ဦးမယ် ဒယ်ဒီလိုတာရှိရင် nurseကိုပြောလိုက်နော် ပန်းချီ nurseခေါ်ထားပေးတယ်"..

သူကောင်းပြီ ဆိုတဲ့သဘောဆောင်အောင် ခေါင်းညိတ်ပြလိုက်သည်။

ဒေါက် ဒေါက် ..!! ကျွီ.!! ချောက်.!

ဖိနပ်သံတွေဝေးသွားတဲ့အဆုံးမှာတော့ ဦး၀ဏ္ဏ မျက်လုံးမှိတ်ပြီး အနားယူလိုက်သည်။ သူ့မှာနှလုံးနဲ့သွေးတိုးရောဂါ အခံရှိတာမို့ လဲသွားရခြင်းပင်။ သို့သော်သမီးဖြစ်သူကတော့ သူ့ရောဂါအခြေနေကိုပင်အပြစ်တင်လိုနေသည့်ပုံပေါ်၏။

"ဒေါက်ဒေါက်..!! ကိုညို့ ပန်းချီလာတယ် "..

ပေါင်တို အသားကပ်နဲ့ရင်နှစ်မွှာကို အသားပေးတဲ့၀တ်စုံကို၀တ်ထားပြီး ရေမွှေးနံ့က ပြင်းရှလွန်းသည်။

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Kde žijí příběhy. Začni objevovat