Part 18 Uni/ZG

8.7K 381 2
                                    

Unicode
"မောင့် ငါ့ကိုသီချင်းဆိုပြပါလား"

အစိမ်းရောင်မြက်ခင်းပြင်ကြီးပေါ်မှာ အခင်းအပြာရောင်‌ လေးခင်းထားပြီး အဖြူရောင်ဆင်တူ၀တ်ထားတဲ့ကောင်လေးနှစ်ယောက် ရှိနေတယ်။ ‌တစ်ယောက်က ခြေဆင်းထိုင်နေပြီး လက်ကိုနောက်မှီထားသည် ။တစ်ယောက်က ခြေဆင်းထားတဲ့ကောင်လေးပေါင်ပေါ်မှာ ခေါင်းအုံးအိပ်နေပြီး ဖုန်းသုံးနေတယ် ။ ဘေးနားမှာလဲ စားသောက်စရာတွေ ဆော့စရာပစ္စည်းပေါင်းစုံလဲရှိနေလေသည် ။

"‌ဟော ဘာဆိုပြရဦးမှာလဲ မောင်ကသီချင်းသိပ်မရတာ ဘေဘီလဲသိရက်သားနဲ့ဗျာ"

ညို့လက်လေးတွေက ငေးရဲ့ အဖြူဖောက်ထားတဲ့ဆံပင်လေးတွေကိုသပ်တင်ပေးရင်း ပြောလိုက်တယ် ။

"လုပ်ပါမောင်ရာ ....ငါနားထောင်ချင်တယ်လို့"

ရင်ဘတ်ကို ခေါင်းလေးတိုး၀င်ပြီး ပွတ်သီးပွတ်သပ်ချွဲနေတဲ့အကောင်ပေါက်ကြောင့် အလိုမလိုက်ပဲမနေနိုင် ။

"ဟုတ်ပြီ‌ ဒါနဲ့ မောင်ဆိုပြရင် ဘေဘီကဘာပေးမှာလဲ"

"မောင်ကကွာ သီချင်းလေးဆိုပြတာကို ဈေးကတောင်းနေသေးတယ်"

မျက်မှောင်ကြီးကျုတ်၊နှုတ်ခမ်းရဲရဲလေးတွေကစူတူတူနဲ့ မကျေမနပ်‌ပြောနေလေရဲ့ ။

"မရဘူးကွာ မောင့်ကိုဘာမှမပေးရင် ဘေဘီ့ကိုလဲမဆိုပြဘူး"

လက်တွေကိုနောက်ထောက်ထားပြီး တစ်ဖက်ကိုခေါင်းလှည့်သွားတဲ့လူကြီးကြောင့် အသားကုန် တော်ကီပစ်ရတော့တယ် ။ စိတ်ထဲမှာတော့ ဒီလူကြီး ကပ်စီးကုပ်၊ လူယုတ်မာကြီးဆိုပြီး ကျိန်ဆဲနေလေရဲ့ ။ ညို့များကြားရင် အကျယ်ကြီးအော်ရယ်မိမယ်ထင်ပါ၏ ။

"ဟမ့် အာ့ဆို ဘေဘီရဲ့အချစ်တွေယူ ရော့၊ နှလုံးသားလေး‌ လဲ မောင့်အတွက်အကုန်လုံးပဲ ၊တစ်ကိုယ်လုံးမောင့်အပိုင်ပဲ နော်"

"ဟား ဟား ဟား ပြောတတ်လိုက်တာဗျာ အတတ်ကလေး ။ ဒါဆို ညကျရင်နော် .....ဟွင်းဟွင်း"

ပြုံးစစနဲ့ မျက်စပစ်ပြတဲ့လူကြီးစကား‌ကို ဆက်မပြောပင်မဲ့ သိလိုက်ပါသည် ။ ဒီလူကြီး အချိန်တိုင်းဒါပဲတွေးနေတာလားပဲ ။ ပြောတဲ့လူကတော့ ဘယ်လိုနေမှန်းမသိပင်မဲ့ သူကတော့မျက်နှာတွေပူထူသွားရတယ် ။

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now