Part 23 Uni/ZG

7.1K 313 7
                                    

Unicode

ဟန်းနီးမွန်း ၁ပတ်က ၂ရက်လောက်သာ အပြင်လည်ရပြီး ၅ရက်လောက်က အခန်းတွင်းမှာပဲကုန်ဆုံးရတာခပ်များများ မောင်ကညတိုင်းကိုအလွတ်မပေးတာပင် ။ တခါတခါ အရမ်းကြမ်းမိသွားရင် ၁ရက် ၂ရက်လောက်က သူ့မှာမထနိုင်တော့ဘူး။ သူတို့ကဟန်းနီးမွန်းထွက်လာတာလေ ဘာလို့ အခန်းအောင်းနေရတာလဲ ဟမ် ဒါမတရားဘူးမှတ်လား ။ သူစိတ်ဆိုးတာဖြစ်သင့်တယ်မဟုတ်ဘူးလား။

ညို့လဲ သူ့ကိုစိတ်ဆိုးပြီးစကားမပြောတဲ့ ငေးကိုကြည့်ပြီးသက်ပြင်းချမိတယ်။ တကယ်ကိုကလေးဆန်တဲ့‌ ငေးတစ်ယောက်ရယ်ပါ နှုတ်ခမ်းကိုစူထားပြီး မျက်မှောင်ကြုတ်နေတာ ဘာရုပ်မှန်းကိုမသိ။

"ငေး မောင့်ကိုစိတ်မဆိုးနဲ့တော့နော် မောင်နောက်ကျရင် လိုက်ပို့မှာပေါ့ ငေးရဲ့နော်"

"............."!!!

"အခုကမောင့်Company ကအလုပ်တွေပေါ်လာလို့ပြန်ရ‌တော့မယ်နော် မောင့်က‌လေးလေးက လိမ္မာပါတယ်.."

"ငါ့ထက်မင်းအလုပ်ကပိုအရေးကြီးတယ်ပေါ့"!!

"ဟာ‌ ငေးကလဲကွာ အဲ့လိုမဆိုးပါနဲ့ကွာ မောင်တကယ်အရေးကြီးလို့သိလား အလုပ်ကိုချက်ချင်းဖျက်ပြီးတာနဲ့မောင်တို့ ထပ်လျှောက်လည်ကြမယ်လေ‌ "

"ဘာလဲ မင်းကငါ့ကိုစိတ်မရှည်တာပေါ့ ဟုတ်လား ယူတုန်းကယူထားပြီး ငါ့ကိုဘယ်လိုဆက်ဆံနေတာလဲ"

ပြောရင်းဆိုရင်းဒေါသသံတွေပါလာသည်မို့ သူပိုလန့်နေရတယ်။ တကယ်ဆိုငေးကလျှောက်မသွားရတာထက် သူ့ကိုအခန်းအောင်းပြီးနေရအောင်လုပ်လို့စိတ်ဆိုးနေတာကိုသူကောင်းကောင်းသိတယ်။ အခုလဲ ကိစ္စကသူပါမှဖြစ်မှာမို့ချက်ချငိးပြန်ဖို့လုပ်နေရတာပင်။

"ဟာ မဟုတ်ပါဘူး မောင်က မောင့်‌ ကလေးကိုစိတ်မရှည်စရာလား"

"မင်းကစိတ်ရှည်တယ်သာပြောနေတာ ငါ့ကိုပြောနေတဲ့လေသံကမာနေတယ်နော် မိုင်းညို့ရှင်"...!!

ကိုရစ်လုံး ငေးနေရာမှူး စရစ်ပြီဆို သူ့မှာပြေးစရာမြေမရှိပေ။ စိတ်ဆိုးတာထက် ရစ်တာကိုပိုကြောက်နေရတာခက်တယ်။ တစ်ခါတစ်ခါ သူ့မှာထွက်ပြေးချင်စိတ်ပေါက်တယ်။

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now