Extra _{4}

3K 105 2
                                    

Unicode//

တနေ့တာက အရင်လိုထူးထူးခြားခြားတော့ဖြစ်မနေပါ။ ချစ်သူဘ၀တုန်းက မောင်က အမြဲစပရိုက်တိုက်ခဲ့ပင်မဲ့ အိမ်ထောင်ကျပြီးကထဲက စပရိုက်လုပ်တာနည်းသွားသည်။ လိုတာကိုအမြဲနေ့တိုင်းလိုလို ၀ယ်ပေးဖြစ်တာပဲများသည်။ သူကြိုက်တာမြင်ရင် ဘေဘီနဲ့လိုက်တယ်ဆိုပြီး ၀ယ်ချလာတို့၊ Online shopကနေ သူကမိုက်တယ်လို့ပြောလိုက်တာနဲ့ တန်းရောက်လာတာတို့၊တခါတလေ ရီအက်ပေးထားတာပါမြင်ရင် အဲ့ပစ္စည်းတွေအကုန်အိမ်ရောက်လာသည်။ အဲ့ကိစ္စကိုသတိထားမိပြီးသွားကထဲက ငေးက အမြဲ ဆိုရှယ်မီဒီယာသုံးရင် ဘာရီအက်မှမပေးဖြစ်တော့ပေ။

အခုလဲညနေပိုင်း အရေးကြီးအလုပ်ရှိတာကြောင့် သားအဖသုံးယောက်ကိုအိမ်မှာထားခဲ့ကာ သူတယောက်ထဲ အပြင်ထွက်လာခဲ့သည်။ အလုပ်ကိစ္စက ထင်ထားတာထက် ကြာမြင့်သွားဝာာကြောင့် အိမ်ပြန်ရောက်ချိန်မှာ ကိုးနာရီနီးပါးတောင်ရှိတော့မည်။ အတွေးများကိုတွေးနေရင်း အခန်းရှေ့ကိုရောက်လာတယ်။ သားနဲ့သမီးအတွက် ချောကလက်ကိတ်တွေပါ၀ယ်လာတာမို့ အခန်းထဲကို အလျင်စလိုဖွင့်လိုက်သည်။

"ဖောက် ရွှီး"

"အမလေး ငါ့ယောင်္ကျား"

တိတ်ဆိတ်နေတဲ့ပတ်၀န်းကျင်ကြောင့် ထွက်ပေါ်လာတဲ့ အသံကလန့်ထိတ်သဖွယ်။ အပေါ်ကနေ တခုခုကျလာသလို ခံစားရပင်မဲ့ ဘာတွေမှန်းမသိ‌နေပေ။ လန့်တဲ့အချိန်တိုင်း ‌မောင့်ကိုပင် တ‌ နေမိတာ အကျင့်လိုဖြစ်နေတယ်။

"......."

‌မှောင်နေတဲ့ Condoခန်းသည် ရုတ်ချည်းလင်းလာပြီး တဟားဟား ရယ်သည့် အသံတွေလဲထွက်ပေါ်လာတယ်။ သူအခုစပရိုက်အလုပ်ခံလိုက်ရတာလား လို့တွေးလိုက်ပြီး ရင်တောင်ခုန်သွားသည်။

“Happy Anniversary day ပါ ဘေဘီ မောင်ကအများကြီးချစ်တယ်နော်"

“အင်း ကျွန်တော်ကလဲအများကြီးချစ်တယ်"

မောင်ပေးတဲ့ နီရဲစိုနေသည့် လက်တပွေ့မကကြီးသော ပန်းစည်းကြီးကိုယူကာ မောင်နှုတ်ခမ်းကို ခြေဖျားထောက်က မတိထတိနမ်းလိုက်သည်။

“ဟေး² ငါတို့လဲရှိသေးတယ်နော် မိုးမမြင်လေမမြင်ဖြစ်နေလိုက်တာ "

You've reached the end of published parts.

⏰ Last updated: Aug 08, 2023 ⏰

Add this story to your Library to get notified about new parts!

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now