Part 1

4.9K 163 2
                                    

Unicode#

မနက်ခင်းနေရောင်နုနုကမျက်နှာကိုလာရောက်ရိုက်ခတ်၏ နှိုးစက်မြည်သံကြောင့်လူကနိုးနေပြီဖြစ်သော်လည်း အကျင့်ပါနေသောလက်တို့ကနှိုးစက်ကိုပိတ်၍ ဖွင့်ဖို့ရာခက်ခဲလှသောမျက်လုံးအစုံကိုအလိုလိုက်ကာ ထပ်မံစက်တော်ခေါ်ရန်အဆင်သင့်..

''Jeon Jungkook!! Yrrr!မင်းဘယ်ချိန်ထိ
အိပ်နေအုံးမှာလဲ.''

နှိုးစက်ကပိတ်၍ရသော်လည်းဤပါးစပ်တစ်ပေါက်
ကပိတ်ရန်ခက်၏

''ဟာ....Taehyungမင်းကလဲ..ခနလေးငါ၅မိနစ်လောက်ပြန်အိပ်လိုက်အုံးမယ်''

''ဘာ..မရဘူးမင်းထကွာမင်းကိုပြောနေရတာကျောင်းနောက်ကျတော့မယ် အခုထ''

''ငါ၅မိနစ်လောက်ပိုအိပ်လိုက်လို့ကျောင်းနောက်မကျပါဘူးကွာ''

''မင်းမနေ့ကလည်းအဲ့လိုပဲပြောတာ မနေ့က ရဲ့မနေ့ကလည်းအဲ့လိုပဲ အဲ့မနေ့ကရဲ့ဟိုးမနေ့ကလည်းမင်းအဲ့လိုပဲပြောတာ အမြဲတမ်းလည်းနောက်ကျနေတာပဲကို ပြီးရင်ဟိုဂျောင်ကတိုး ဟိုနံရံကကျော်နဲ့....

''အေးပါကွာ..ထပါပြီ ငါ့နားထဲကသွေးတွေပါထွက်တော့မယ် အသစ်လေးဘာလေးပြောပြီးဆူစမ်းပါပြောရတဲ့မင်းတော့မသိဘူးငါတော့ငြီးငွေ့နေပြီ''

''ဘာကွ Jeon Jungkook!''

ပြောပြီးတာနဲ့ရေချိူးခန်းတဲ့လှစ်ခနဲဝင်ပြေသွားတဲ့ထိုငနဲ

(ဟူးးငါဒီလိုကောင်ကိုဘာကြောင့်ကြိုက်မိသွားတာလဲ ငါကရူးနေတာ)

ဟုတ်ပါသည်။Jungkook ကိုကြိုက်ပါသည်။ချစ်ပါသည်။၆နှစ်တာအဖြူရောင်သူငယ်ချင်းသံယောဇဥ်မှသည်အချစ်ဟူသည့်အရောင်မျိုးစုံပါဝင်သည့်နာမ်အဖြစ်သို့ကူးပြောင်းခဲ့သည်။

မျိုးတူယောကျ်ားလေးခြင်းမေတ္တာသက်ဝင်မှုအပေါ်
Taehyungသိမ်ငယ်မှုတို့တော့မရှိပါ။Taehyungခံယူထားသည့်ချစ်ခြင်းမေတ္တာသည်ရိုးရှင်း၏။မေတ္တာသန့်သန့်တို့ပေးလို့အချစ်စစ်စစ်ဖြင့်မြတ်နိုးမည်။သို့သော်
ချစ်ခြင်းမေတ္တာတို့သည်ပင်လယ်ကြီးကိုချစ်မိတဲ့မီးတောက်ငယ်တခုလိူပင်မဖြစ်နိုင်မှန်းသိပေမဲ့မက်မောနေမိ၏တခါတရံလည်းမိုက်မဲစွာပင်လယ်ထဲတိူးဝင်ချင်မိ၏ ချစ်ခြင်းသည်ရူးသွပ်ခြင်းပင်

Until I Found You//Completed// Where stories live. Discover now