Part 15

950 56 0
                                    

Unicode #

မနက်ခင်းအာရုံတက်ချိန်နှင့်အညီကျေးလက်ဒေသမို့ ကားသံ ယဥ်သံဆူညံသံများနှင့်ကွဲလွဲစွာ ငှက်လေးများ၏တေးသံတို့ကမနက်ခင်းကိုဖြန့်ကျက်လျက်

''Jungkook ထတော့ သူများအိမ်မှာ မင်းဒီလောက်အိပ်ပုပ်မကြီးနဲ့''

''အင်းးး ထပါပြီ Taehyung လေးရဲ့ ၅မိနစ်ပဲ ''

''လာပြန်ပြီ ၅မိနစ် ထဆိုထ ပြန်ရမယ်လေကွာ အကုန်လုံးစိတ်ပူနေကြတော့မှာ''

''အင်းပါ ထပြီ ''

''ကလေးတို့ လာ လာ အိမ်ရှေ့မယ်မျက်နှာသစ်ပြီးရင်မနက်စာလာစားကြ''

''ဟူတ်ကဲ့ ''

အိမ်ရှေ့ထွက်လာရာမြင်လိုက်ရသောမြင်ကွင်းမှာချစ်စဖွယ်ညကမှောင်နေ၍သေချာမမြင်ရတာကြောင့်ယခုမှအဝကြည့်ရတော့သည် အဘွားတို့အိမ်သည် ရွာထဲ၌မဟုတ်ကိုယ်ပိုင်ခြံဝန်းအကြီးကြီးနှင့်တစ်အိမ်ထဲသီးသန့် ခွဲထွက်နေသည်။

သီးပင်စားပင်တို့မှာလည်းစုံလို့ပင်Taehyungအာရုံကိုဖမ်းစားသွားသည်မှာ နီနီရဲရဲ ရွှဲစိုနေသည့်စတော်ဘယ်ရီစိုက်ခင်းကြီးဖြစ်သည်။

''Jungkook ဟိုမှာကြည့်စမ်း စတော်ဘယ်ရီတွေ နီရဲနေတာပဲ ''

''မင်းစားချင်လို့လား ''

''မစားချင်ပါဘူး ငါကဘာလို့ မျက်နှာသွားသစ်တော့မယ် ''

Jungkook သိပါသည် Taehyung စတော်ဘယ်ရီကိုသိပ်ကြိုက်မှန်း အခုလဲတော်တော်သရေကျနေပုံ

''Taehyung တူတူသွားမယ် ''

''Jungkook ရေတွေကဒီစည်ထဲမှာ ငါတို့ဘယ်လိုမျက်နှာသစ်ရမှာ ''

ကြည်လင်နေသောရေမှာ ကျောက်စည်ကြီးထဲတွင်အပြည့်

''ဟိုမယ် ခွက် ငါသွားယူပေးမယ် ''

ရေစည်ကြီးထဲရှိရေကို ချထားရာခွက်တစ်ခုဖြင့်ခပ်ထည့်ကာ မျက်နှာစတင်သစ်၏

''အားလားလား အေးလိုက်တာ ''

''Jungkook တော်တော်အေးတာလား''

မျက်နှာလေးရှုံ့ကာမေးလာသူမှာ အအေးကြောက်နေပုံ Jungkook လဲစချင်သည့်စိတ်ကအရင်

Until I Found You//Completed// Where stories live. Discover now