Part 23

929 48 0
                                    

Unicode #

Taehyungဆေးရုံခန်းထဲတွင်နေရသည်မှာမွန်းကြပ်လာပြီအတော်လေးလည်းနေပြန်ကောင်းနေပြီဖြစ်သည်။ဆေးရုံရက်ချိန်းယူကာနောက်ရက်ထဲတွင်ဆင်းမည်ဆိုလျှင်တောင်ဆင်းလို့ရနေပြီဖြစ်သည်။

မိဘတွေရောဒေါ်လေးနှင့်သူငယ်ချင်းတွေကပါအမြဲမပြတ်ဆေးရုံလာစောင့်ပေးကြသည်မို့Taehyungဘယ်သောအခါမှအထီးကျန်မနေခဲ့ယနေ့တော့ချစ်သငယ်ချင်း Jiminလေးကလာစောင့်နေပေးသည်။

''Jimin naငါပျင်းတယ် ဆေးရုံခေါင်မိုးထပ်မှာ
အပင်တွေစုံပြီးလှတယ်လို့ကြားတယ်ငါဆေးရုံရောက်နေတာသာကြာနေပြီခုထိမရောက်ဖူးသေးဘူး သွားကြည့်ချင်တယ်''

''အင်း သွားမယ်လေ ''

''အေးအေး''

Dee De De

''Taehyungတယောက်တည်းသွားလို့ရလားငါ
Yoongi Hyungနဲ့ဖုန်းခန''

''အေးပါ မင်းလာရင်Strawberry milkတဘူး
ဝယ်ခဲ့''

''အိူခေ''

Taehyungတစ်ယောက်တည်းဆေးရုံခေါင်မိုးထပ်ကိုတက်လာလိုက်သည်။ပန်းပင်လေးတွေကတဂယ်ကို
ပင်အစီအရီစိုက်ပျိုးထားသည်ရာသီဥတုသည်လည်းနွေဦးလည်းဖြစ်နေ၍ခပ်နွေးနွေးပင်ဟိုနေရာဒီနေရာများတွင်လူနာများကိုတစတစတွေ့နေရသည်။

Taehyungလည်းလွတ်နေသည့်ခုံလေးတွင်ဝင်ထိုင်ကာပတ်ဝန်းကျင်အားတိတ်တဆိတ်အကဲခတ်နေလိုက်သည်။အေးချမ်းသည်။ဆေးနံ့တွေကင်းစင်ရာ
ထိုနေရာလေးသည်လူနာများအကြိုက်ဖြစ်နေတာမဆန်းလှရေခရားလေးများထားပေးရာအပင်ရေလောင်းချင်လည်းရသည်ပင်

Taehyungမိမိဘေးနားရှိလူထံသို့အကြည့်ရောက်သွာသည်။အာရုံအားဖမ်းစားလိုက်သည်ကလက်ထဲရှိ Banana milkလေးတဘူးပင် Hoodieအနက်ကိုခေါင်းထိပင်လုံအောင်ဖုံးထားသောထိုလူတွင်ရင်းနှီးသောအငွေ့အသက်တို့ခံစား၍ရနေခဲ့သည်။

''မြတ်နိုးတယ်''

တစိုက်မတ်မတ်Taehyungစိုက်ကြည့်ကာအကဲဆတ်နေစဥ်ထိုလူ့ထံမှထွက်ပေါ်လာသောစကားသံချိုချိုမြမြသည်အဘယ်သူအားရည်ညွှန်းပါသနည်း။ရင်းနှီးသောအငွေ့အသက် မှတ်မိနေသောအသံ ကျွမ်းဝင်ဖူးသောနှလုံးသားတို့သည်ညိုးငယ်နေသောပန်းပင်ငယ်အားမိုးရွာချပေးသလိုတဖန်ပြန်လည်သစ်လွင်လာရတာကြောင့်ကြက်သီးပင်ထကာခေါင်းလေးမတ်သွားရသည်။

Until I Found You//Completed// Where stories live. Discover now