Part 21

839 45 0
                                    

Unicode #

''ဟယ်တော် ကားတိုက်ခံရတာကျောင်းသား
လေးထင်တယ် ''

''ဟယ် ဘယ်မှာလဲ''

''ဟိုမယ် ဟိုးမှာလူတွေအုပ်လိုက်ကြီး သွားကြည့်ရအောင်လာ''

Jungkookကြားနေရသောစကားသံတို့ကြောင့်ခြောက်သွေ့နေသောမျက်ရည်တွေကိုသုတ်ဖယ်ကာ မျက်လုံးလေးဝိုင်းစက်သွားခဲ့ရသည်။

''ကျောင်းသားတစ်ယောက်မဟူတ်လောက်ပါဘူး
Taehyungကဘာလို့ မဖြစ်နိုင်တာမတွေးစမ်းနဲ့''

အရူးတစ်ယောက်လိုစကားတွေတတွတ်တွတ်ပြောကာခြေလှမ်းတို့သည်မပြေးယုံတမယ်လူအုပ်ကြီးရှိရာစီသိူ့

Jungkookခြေလှမ်းတို့ရပ်တန့်ရာကအညိုရောမာဖလာလေး၏ခြေရင်းတွင်သွေးစက်တို့ကမလိုက်ဖက်လှ

''Taehyung!! Taehyung ''

အရူးလိုပြေးသွားရင်ခပ်ပိန်ပိန်ကိုယ်ငယ်လေးအားဆွဲပွေ့ကာရင်ခွင်ထဲထည့်ထားလေတော့အနှီလူသားငယ်သည်အနီရောင်များခြယ်သထားကာမှေးစက်နေလေရဲ့

''Taehyungလမ်းမကြီးမှာမအိပ်နဲ့လေထကွာ လူတွေဝိုင်းကြည့်နေကြပြီမင်းမရှက်ဘူးလား''

''Taehyung Kim Taehyungငါစိတ်ဆိုး
လိုက်ရမှာလားပြော အခုထစမ်း မခေါ်ဘဲနေမှာနော်''

မည်သို့ပင်ခြိမ်းခြောက်နေပါစေTaehyungသည်နားမထောင်နေခဲ့

''ဟာကွာ ဘာရပ်ကြည့်နေကြတာလဲခဗျားတို့ အကူအညီလဲမရဘူး''

''Taehyungဟင့်အင်း အိပ်မပျော်သွားပါနဲ့ ငါကမင်းကိုကယ်မယ်ငါ့ရဲ့အရာအားလုံးကိုရင်းပြီးတော့ပဲဖြစ်ဖြစ်ကယ်မှာ''

Taehyungကိုယ်လေးကိုနောက်ကျောဘက်ကနေမှမိမိ၏ကျောပေါ်သို့လွှဲပြောင်းတင်ကာJungkookပြေးသည်။

ပြေးနေပါသည်Jungkookအကျီဖြူဖြုလေးလည်းအနီရောင်ပြောင်းလုအသက်ရှူနှုန်းတွေလည်းနိမ့်ချည်မြင့်ချည်မမှန်ကန်ချွေးစေးတို့သည်လည်းသွေးတို့ဖြင့်ရောကာအနီရောင်အဖြစ်မြေပြင်ပေါ်သို့ဆင်းသက်၏Jungkookကားရပ်တန့်မသွား

ပြေးလွှားနေရာလမ်းမထက်ကွင်းထိုးဖိနပ်အနက်ရောင်လေးမှာတနေရာစီကျွတ်ကျကျန်ခဲ့ခြေဖဝါးဖြူဖြူမှာသွေးခြေပင်ဥလို့ ကားသံတဝီဝီမှာ ကြားနေရသောအသက်ရှူသံသေးသေးလေးလောက်မကျယ်လောင်

Until I Found You//Completed// Where stories live. Discover now