Part 22

878 48 1
                                    

Unicode #

ရက်သတ္တပတ်တိုင်းလိုလိုပင် လပေါင်းများစွာပင်
ထပ်နေသည်ထိMinwoo၏ကျေးဇူးကြောင့်
Taehyungကိုနေ့တိုင်းနီးပါးတွေ့ရသည်။စိတ်မကောင်းစရာကTaehyungသည်Jungkookလာသည့်အခုတိုင်းတစ်ခါမှကြိုဆိုမနေခဲ့ဝမ်းနည်းစရာပင်

နွေဦးရောက်လေပြီမို့လေရူးတို့ကဆုန်ချည်ဆန်ချည် ကောင်းကင်ထက်တွင်လည်းအပြာရောင်ဆေးသားတောက်တောက်တို့ကလှပစွာခြယ်သထား၏

နေမင်းအားငှက်ကလေးတွေကအဖော်ပြု၏ တိမ်တိုက်တို့ကားအချင်းချင်းလွင့်မြောလျက်
Jungkookကားအဖော်မဲ့နေလေ၏ သိူပေသိ နံရံတစ်ဖက်ခြမ်းရှိသူ့အသည်းစိုင်ကတော့ဖြင့် ကံကောင်းခြင်းများနှင့်မေ့မြောနေသည်တောင်အဖော်ပြူမည့်သူကအများသား

ထိုသို့တွေးမိလေတော့သိမ်ငယ်ရပြန်သည်။Taehyungသည်အရာရာတိုင်းတွင်ကံကောင်း၏ မိဘများကသည်းသည်းလှုပ်ချစ်ကြသလိုအပေါင်းအသင်းလည်းဝင်ဆံ့၏ချစ်မွှေးလေးကပါလာသူပင်မို့လူချစ်လူခင်ကအပေါသားTaehyungဘဝထဲတွင်ကံမကောင်းခဲ့သည်က Jungkookပါဝင်နေခြင်းကြောင့်ပင်

သိူ့ပေမဲ့Jungkookအတွက်တော့Taehyungသည်နွေညလယ်တွင်မက်ခွင့်ရသည့်အေးချမ်းသည့်အိမ်မက်လေးတစ်ခုလိုပင်ပိုင်ဆိုင်ခွင့်ရချင်သည့်ထိုအိမ်မက်လေးသည်လှပသည်ငေးကြည့်လျှင်တောင်အိမ်မက်ငယ်သည်စိတ်အစဥ်ကိုလုံခြုံစေသည်။

''Jungkookလာ လူလစ်ပြီ''

Minwooသည်အမြဲလိုလိုလူလစ်တိုင်းJungkook အားTaehyungနှင့်ပေးတွေ့သည်။Taehyungနှင့်Jungkookသည်မြစ်ရေပြင်ခြားသည့်နိုင်ငံနှစ်ခုဖြစ်ခဲ့လျှင်Minwooသည်ပေါင်းကူးတံတားလေးသဖွယ်

''သွား သွား ငါအပြင်မှာပဲနေမယ်''

''အေး ''

''ဟင်းTaehyungရယ်ဒီနေ့လည်းရောက်လာရပြန်ပြီနော် ငါခေါင်းစွပ် စွပ်ထားရတယ် ဟားဟား ဆံပင်တွေကုန်တော့မယ်လေ''

ဓာတ်ရောင်ခြည်ကုထုံးတွေကြောင့်Jungkookဆံပင်တွေကျွတ်ကာဦးရေပြားကိုပင်ရေးရေးလေးမြင်နေရသည်။

''ငါလေ ငါမမှတ်မိတော့ဘူးTaehyung မင်းနဲ့အမှတ်တရတွေကိုဒါပေမဲ့ငါစာအုပ်ထဲမှာချရေးထားတယ် ငါတော်တယ်မလား နေ့တိုင်းပြန်ဖတ်လိုက် သတိရရင်ချရေးလိုက်နဲ့ ငါ့မှာအားတယ်ကိုမရှိဘူး ငါ့ဒေါ်လေးလည်းသနားပါတယ်ဆေးရုံစရိတ်ကြောင့်စီးပွားပဲအတင်းရှာနေရတယ်ငါ့အနားမှာတောင်မရှိနိုင်ဘူး''

Until I Found You//Completed// Where stories live. Discover now