Part 11

953 64 1
                                    

Unicode#

စာမေးပွဲဖြေရမည့်ရက်ရောက်လာ ပြီဖြစ်၏Taehyung စာတွေပိုင်ပေမဲ့ အမြဲတမ်းဖြေရမည့်ရက်ဆိုစိတ်လှုပ်ရှားသည်။

''Taehyung နှာခေါင်းသွေး နေအုံးငါ့တစ်သျှူးဆောင်ထားတယ်''

''အော် အေးကျေးဇူးပါကွာ နေပြင်းတာရယ် စိတ်လှုပ်ရှားတာရယ်ပါသွားတာဖြစ်မယ်''

''အင်း ဒေါ်လေးပြောပြထားလို့ငါသိတယ် အ့တာကြောင့်ဆောင်ထားတာ''

''ဟီး မင်းကအကောင်းဆုံးပဲ ''

လက်မလေးထောင်ပြီးချီးကျူးလာတဲ့ချစ်ရသူကြောင့်ပျော်မိသည်။

''ဒါနဲ့ Jungkook ရော ''

''မသိဘူးလေ အော် ဟိုမှာပြန်လာပြီ''

''Jungkookမင်းဘယ်သွားနေတာလဲစာမေးပွဲဖြေရမဲ့အချိန်နီးနေပြီကို ''

''အင်း ဟိုနားခနသွားတာ''

လက်ထဲကဝယ်လာတဲတစ်သျှူးထုပ်လေးကိုတော့မမြင်အောင်ဖွက်ထားလိုက်သည်။အခြားတယောက်ကလက်ဦးသွားချေပြီ

''Jimin ကလဲကြာလိုက်တာသူ့ကိုစောင့်နေတာကို''

''စောင့်မနေနဲ့မင်းဟာက သူ့လင်လိုက်ပို့လို့ဖြေရမဲ့အခန်းထဲတောင်ရောက်နေပြီ''

''ဘာ ဒီကောင် တွေ့မယ် ဒါနဲ့မင်းကဘလိုသိတာလဲ''

''ခုနကမှသူ့ကိုစောင့်မနေဖို့ဖုန်းဆက်ပြီးလှမ်းပြောတာ''

''အော်သူကအက်လိုပေါ့ရည်းစားရသွားတော့သွေးနားထင်ရောက်နေလိုက်တာ သငယ်ချင်းအရင်းကြီးကိုတော့ပစ်ထုတ်လိုက်ပြီဖိတ်ဖရန့် တွေ့မယ် တွေ့မယ်''

နှုတ်ခမ်းလေးအနည်းငယ်ဆူ၍ စိတ်အလိုမကျမှုကိုပြောကာရန်တွေ့နေသောဤလူသားလေး၏ချစ်ဖို့ကောင်းပုံမှာကြည့်ရှုနေသူနှစ်ယောက်အဖို့အပြုံးများပင်မရပ်တန့်နိုင်

''မင်းတို့ကဘာရယ်တာလဲ လာ သွားမယ် လှောင်တာလား ပြောင်တာလား ''

''မဟုတ်ပါဘူး Taehyung ရဲ့မရယ်ပါဘူး ပြုံးရုံတင် ''

''မင်းချစ်ဖို့ကောင်းနေလို့ရယ်တာ စာမေးပွဲတော့ဖြေအုံးမယ်မလား ငါသွားပြီ''

Until I Found You//Completed// Where stories live. Discover now