Final

2.1K 101 16
                                    

Unicode #


'Jungkookငါလာတယ်''

အရိုးပြာအိုးဖြူဖြူလေးဘေးရှိဘောင်သွင်းထားသောဓာတ်ပုံလေးထဲတွင်Jungkookသည်Taehyungအားပြုံးကာဆီးကြိုနေပါသည်။

ပတ်ဝန်းကျင်တိတ်ဆိတ်ကာအေးချမ်းလွန်းလှသည်။ဆူညံသံကိုမကြိုက်တတ်သူကြောင့်အေးချမ်းရာဤနေရာလေးကိုJungkookသဘောကျလောက်မည်။ပင်လယ်နှင့်လည်းနီးသည်လေ..

''အခုတော့၅မိနစ်ပြန်အိပ်တာမဟုတ်တော့ဘူးပဲ''

''၁၃နှစ််တောင်ရှိပြီမင်းအိပ်နေခဲ့တာငါကျောင်းအပြောင်းအရွေ့တင်ထားတာလေအခုပြောင်းမိန့်စာကျလာပြီသိလားဘယ်မှာလို့ထင်လဲငါတို့ကျောင်းကြီးလေဒယ်ဂျောင်းမှာပဲ ဘလိုလဲ uniformနဲ့ငါလိုက်ရဲ့လား မင်းကိုပြဖို့ဝတ်လာတာငါဆံပင်တွေကိုဂျယ်နဲ့သပ်တင်ထားတာတအားခန့်နေသလား ဟားဟား အသက်၃၀ပြည့်တော့မယ်မလား''

''မင်းပြောသလိုကျောင်းဆရာဖြစ်သွားတာပဲငါကလေးတွေကိုအများကြီးမဆူပါဘူးအခုရာထူးတိုးကျတော့အထက်တန်းသင်ရတော့မယ်မင်းလိူလူဆိုးကောင်တွေနဲ့တွေ့ရင်ဘလိုလုပ်ရမလဲငါတူတ်နဲ့နာနာရိုက်ပြီးဆုံးမရမယ်''

''မင်းမရှိတော့တဲ့နွေဦးကိုရောက်လာပြန်ပြီချယ်ရီတွေကအမြင်ကတ်ဖို့ကောင်းအောင်လှလှလေးပွင့်နေကြတာ
ရာသီဥတုကလည်းစိတ်ညစ်ဖို့ကောင်းအောင်သာယာနေတာလေကောင်းကင်ကလည်းကြည့်မကောင်းအောင်ကိုတိမ်တွေကင်းပြီးပြာလဲ့နေရော''

''စကားတွေအများကြီးပြောလို့မင်းနားငြည်းနေမှာပေါ့ စိတ်ချနွေရာသီပိတ်ရက်တိုင်းမင်းအမြဲနားငြည်းရမှာ အခူတော့ပြန်အုံးမယ် ဟေး ငါ့ကိုစိတ်ကောက်မနေနဲ့အုံး ပြီးတော့ချစ်တယ်Jungkook''

နှုတ်ဆက်ချစ်စကားတို့ကိုပုံမှန်အတိုင်းမညီးမညူပြောကာလှည့်ပြန်ခဲ့သည်။ဖြတ်သန်းခဲ့ရာ၁၃နှစ်လုံးတရက်မှ
မေ့မရခဲ့သည်မှာမှန်သောစကား

အဝါရောင်စက်ဘီးလေးသည်ဟောင်းနွမ်းနေလိမ့်မည်။သံချေးတို့တက်နေလိမ့်မည်။ဆေးသားတို့အနည်းငယ်
ပျက်နေလိမ့်မည်။သို့ပေမဲ့စက်ဘီးလက်ကိုင်လေးအား
တွန်းလာသူမှာအမြတ်တနိုးဖြင့်ထိုစက်ဘီးအစုတ်လေးအား၁၃နှစ်တိုင်သည်ထိထိန်းသိမ်းကာနေခဲ့သည်။

Until I Found You//Completed// Where stories live. Discover now