Part 4

1.2K 101 0
                                    

Unicode#

''ဟေ့ကောင် Jeon....

၁စက္ကန့် ၂စက္ကန့် ၃စက္ကန့်

''အားးးးးး ''

''အားးးးးး ''

၂ယောက်လုံးစီမှပြိူင်တူထွက်ပေါ်လာသံ
Taehyung ကတော့တံခါးကိုဝုန်းခနဲပိတ်၍ ကျောမှီထား၏

''Kim Taehyung တံခါးခေါက်ပြီးဝင်လေ မင်း''

''Yrr ငါ့ကိုပြန်မအော်နဲ့လေ မင်းကိုလာနှိုးတာကို နိုးနေမှန်းမှမသိတာ ဘလောက်ပဲကိုယ့်အိမ်ကိုယ့်ယာနေတယ်ပြောပြော ဒါကတော့ ဒါက....

''ဟာကွာ အခူမင်းဝင်ချင်ဝင်လို့ရပြီ''

''မဝင်ဘူးကွာ မဝင်ဘူးအောက်ထပ်မှာစောင့်နေမယ်''

''သဘော ''

Taehyung ရှက်လို့မျက်နှာပင်ဘယ်နားထားရမှန်းမသိ အောက်ထပ်ကိုသာတဒုန်းဒုန်းပြေးဆင်း၏ ဒီနေ့ကျမှလှေကားကပိုများနေသယောင်

'ဒီကောင်ကွာ ဘာမှမဝတ်ဘဲအခန်းထဲလျှောက်သွားနေတယ်
အားးးပြန်တွေးရင်ရှက်စရာ စိတ်ထိန်း ယောကျာ်လေးချင်းပဲ မဖြစ်ခဲ့ဘူးလို့သဘောထား ငါဘာမှမတွေ့ဘူး ဘာမှမမြင်ဘူး'

''ယောင်းလေးတို့အပေါ်မှာဘာဖြစ်ကြတာလဲ''

'' ......''

''Taehyung လေး ''

''ဗျာ ကျနော့်ကိုခေါ်လိုက်သေးလား ''

''ဟင်းး ဒီကလေးနှယ်ရည်းစားများရနေပြီလား ဘာတွေတွေးနေတာတုန်း''

''ဖင်...

''ဟင်!

''ဟမ် အော် ကျနော်ပြောတာ ကြက်ဖင်လေ ဟုတ်တယ် ကြက်ဖင် ရွာကအမျိုးတစ်ယောက်ကလေးလေ အဟမ်း အဲ့တာစကားခုထိမပြောသေးလို့ ကြက်ဖင်ကျွေးရတယ်ဆိုလို့ အဲ့တာတွေးနေတာ ဘယ်ကရှာရမလဲလို့ အဟမ်း''

''အော် တောဘက်မှာကပိုပေါတယ်ယောင်းလေးရဲ့ ဒီဘက်မှာကျအဲ့တာမျိုးသိပ်မရှိဘူး ဆိုစမ်းပါအုန်းခုနကဘာဖြစ်တာ ''

''ပိုးမြှောင် အဲ ပိုးဟပ် မဟူတ်ဘူး အိမ်မြှောင် အင်း ပိုးဟပ် ''

''ရှုပ်နေတာပါပဲကွယ် သေချာပြောစမ်းပါအုံး''

''ပိုးဟပ် ကိုယ်ပေါ်တက်လာလို့လေ အော်ပြီးလန့်လိုက်တာ အမ် မှားလို့ လန့်ပြီးအော်လိုက်တာ ''

Until I Found You//Completed// Where stories live. Discover now