Part 7

1.1K 84 2
                                    

Unicode #

Taehyung အတန်းထဲပြန်ရောက်တဲ့အချိန်ထိမျက်နှာပိုးမသေ ပြုံးစိစိဖြစ်နေ၏ဒါဟာလည်းချစ်ခြင်း၏စွမ်းအားတစ်မျိုးဒါကိုမြင်တဲ့ Jimin က

''ဟေ့ Kim Taehyung မင်းဘာဖြစ်နေတာလဲထီပေါက်လာလို့လား မျက်နှာကစပ်ဖြီးဖြီးနဲ့ ''

''ဟမ် ဘာ ဘာမှမဖြစ်ပါဘူး ''

''ဟုတ်လို့လားကွာ ''

''ဟူတ်ပါတယ် ''

''ဟူတ်လို့လားလို့ ''

''ဟုတ်ပါတယ်ဆိုလို့ ''

''ဟုတ်ရဲ့လားကွာ ''

''ဟုတ်ပါတယ်ဆိုကွာ ''

''ဟုတ်....''

''ကျစ် မင်းတို့နှကောင်မပြီးသေးဘူးလားနားထောင်ကောင်းလို့နားထောင်နေများထင်နေလား အာရုံလာနောက်နေတယ် နှယောက်လုံး ''

Jungkook အပြောကြောင့် Jimin ဆက်ပြောမဲ့စကားများလေထဲတွင်ရပ်တန့်သွား၏ Taehyung မှာလဲဇက်လေးပုသွားသည်။

''Taehyung ''

''ဟင် ပြောလေ Jungkook ''

''ညကျရင်ငါမင်းအိမ်မှာမအိပ်တော့ဘူး ဒေါ်လေးခရီးသွားတယ်ငါအိမ်စောင့်နေရမှာ အက်တော့စာလုပ်ပြီးအိမ်ပြန်ရမယ် ''

''အင်းပါ ရပါတယ် ''

''ဒါဆို ကိုယ်လာအိပ်လို့ရလား Taehyung''

''မရဘူး ''

သူတောင်မဖြေရသေးပဲစကားဖြတ်ပြောလိူက်တဲ့ Jungkook ကြောင့် Taehyung ဘာဆက်ပြောရမှန်းမသိ

''မင်းနဲ့ဘာဆိုင်လဲ မင်းအိမ်လာအိပ်တာမှမဟုတ်တာ''

''ငါ့အိမ်လာအိပ်ရဲရင်အိပ်ကြည့်လေ အိမ်ရိပ်တောင်မနင်းခိုင်းဘူးမင်းကို''

''မင်းအိမ်လဲအားအားယားယား မလာပါဘူး မင်းအိမ်ရိပ်တောင်ငါကမနင်းချင်ဘူး စိတ်ချ''

''Taehyung အိမ်လဲသွားမအိပ်ရပါဘူး မင်းကဘာလို့်အိပ်မှာလဲမင်းအိမ်ကနှင်ချလိူက်လို့လား''

''မင်းတောင် Taehyung အိမ်မှာအိပ်သေးတာပဲငါကဘာလို့အိပ်လို့မရတာလဲ''

တယောက်တခွန်းစကားများနေကြတဲ့၂ယောက်ကြောင့်Taehyung နဲ့ Jimin မှာဟိုကြည့်ဒီကြည့်ဖြစ်နေသည်။

Until I Found You//Completed// Where stories live. Discover now