Intro

1.9K 62 2
                                    

*****

ကျွန်တော် နာမည်က သွင်ထူးညီ ။ မိန်းကလေးတွေကြားမှာ အရမ်းကို နာမည်ကြီးတဲ့ ကောင်ပေါ့။ အရပ်ရှည်တယ်။ Body အမိုက်စားရှိတယ်။ အသားဖြူတယ်။ ရုပ်ရည် ခန့်ပြီးချောတယ်။ ကျွန်တော့်မှာ ရည်းစားရှိလားလို့ပြောရင် ပေါများလွန်းလို့လို့ ဖြေရမယ်။ဘယ်သူလဲ လို့မေးခဲ့ရင်တော့ အတိအကျမရှိနိုင်ဘူး။ ဒီနေ့ကခပ်လန်းလန်းကောင်မလေးဆိုရင် နောက်နေ့က စမတ်ကျကျကောင်မလေး ဖြစ်နေနိုင်တယ်လေ။

ကျွန်တော်ကမိန်းမရှုပ်တဲ့ကောင်ဖြစ်နိုင်ပေမဲ့ လူယုတ်မာတစ်ယောက်တော့ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ တွဲဖူးတဲ့ကောင်မလေးတွေကို ယုတ်မာတဲ့အဆင့်ထိတော​့ ကျွန်တော် မကျူးလွန်ဖူးပါဘူး။ အရင်ကတော့ အရှုပ်တွေဖြစ်မှာ ကြောက်လို့ မကျူးလွန်ခဲ့တာပေါ့။ အဲ့ဒါကို အရမ်းအလေးအနက်ထားတဲ့ ကောင်တော့ မဟုတ်ဘူး။ ကောင်မလေးတွေနဲ့ အိပ်ဖြစ်ခဲ့ရင်တောင် လူယုတ်မာလို့ မတွေးမိခဲ့ပါဘူး။ သေချာပေါက် ဆင်ခြင်သင့်တယ်လို့လဲ မတွေးမိဖူးပါဘူး။ ကောင်မလေးတစ်ယောက်ပြီး တစ်ယောက် ပြောင်းနေတာကိုလည်း မကောင်းဘူးလို့ မထင်မိပါဘူး။ သူမကို မတွေ့ခင်ထိပေါ့။

သူမက အရမ်းဖြူစင်လွန်းတာမို့ ကျွန်တော်နဲ့ မထိုက်တန်ဘူးလေ။ ကျွန်တော်ဆိုတာ သူမနဲ့ယှဥ်လိုက်ရင် မည်းညစ်နေလွန်းတယ်။ သူမကဘယ်လောက်ထိ ဖြူစင်လွန်းလဲ ဆိုရင် ကျွန်တော် သူမကို ထိတွေ့လိုက်ရင်တောင် ကျွန်တော့်အညစ်အကြေးတွေ သူမဆီ စွန်းထင်းသွားနိုင်တဲ့အထိဘဲ။

ဒါကြောင့်မို့ ကျွန်တော် သူမနဲ့ဝေးဝေးနေသင့်တယ်လေ။ ကျွန်တော့်ကိုယ် ကျွန်တော် သူမနဲ့ဝေးဝေးနေဖို့ တွန်းအားပေးခဲ့ပေမဲ့လည်း နောက်ဆုံးတော့ မဖြစ်မြောက်ခဲ့ပါဘူး။ ဘာကြောင့်ဆို ကျွန်တော်မသိလိုက်ခင်မှာဘဲ သူမက ကျွန်တော့်ရဲ့အသက်ဖြစ်နေခဲ့ပြီလေ။

****
ဖတ်ရင်းနဲ့ ထင်မြင်ချက်လေးတွေ ပြောပေးနော် မဟုတ်ရင် ရှယ်ပလန်နဲ့ စိတ်ကောက်မှာ
*****

ကြၽန္ေတာ္ နာမည္က သြင္ထူးညီ ။ မိန္းကေလးေတြၾကားမွာ အရမ္းကို နာမည္ႀကီးတဲ့ ေကာင္ေပါ့။ အရပ္ရွည္တယ္။ Body အမိုက္စားရွိတယ္။ အသားျဖဴတယ္။ ႐ုပ္ရည္ ခန့္ၿပီးေခ်ာတယ္။ ကြၽန္ေတာ့္မွာ ရည္းစားရွိလားလို႔ေျပာရင္ ေပါမ်ားလြန္းလို႔လို႔ ေျဖရမယ္။ဘယ္သူလဲ လို႔ေမးခဲ့ရင္ေတာ့ အတိအက်မရွိနိုင္ဘူး။ ဒီေန႕ကခပ္လန္းလန္းေကာင္မေလးဆိုရင္ ေနာက္ေန႕က စမတ္က်က်ေကာင္မေလး ျဖစ္ေနနိုင္တယ္ေလ။

ကြၽန္ေတာ္ကမိန္းမရႈပ္တဲ့ေကာင္ျဖစ္နိုင္ေပမဲ့ လူယုတ္မာတစ္ေယာက္ေတာ့ မဟုတ္ပါဘူး။ ကြၽန္ေတာ္နဲ႕ တြဲဖူးတဲ့ေကာင္မေလးေတြကို ယုတ္မာတဲ့အဆင့္ထိေတာ့ ကြၽန္ေတာ္ မက်ဴးလြန္ဖူးပါဘူး။ အရင္ကေတာ့ အရႈပ္ေတြျဖစ္မွာ ေၾကာက္လို႔ မက်ဴးလြန္ခဲ့တာေပါ့။ အဲ့ဒါကို အရမ္းအေလးအနက္ထားတဲ့ ေကာင္ေတာ့ မဟုတ္ဘူး။ ေကာင္မေလးေတြနဲ႕ အိပ္ျဖစ္ခဲ့ရင္ေတာင္ လူယုတ္မာလို႔ မေတြးမိခဲ့ပါဘူး။ ေသခ်ာေပါက္ ဆင္ျခင္သင့္တယ္လို႔လဲ မေတြးမိဖူးပါဘူး။ ေကာင္မေလးတစ္ေယာက္ၿပီး တစ္ေယာက္ ေျပာင္းေနတာကိုလည္း မေကာင္းဘူးလို႔ မထင္မိပါဘူး။ သူမကို မေတြ႕ခင္ထိေပါ့။

သူမက အရမ္းျဖဴစင္လြန္းတာမို႔ ကြၽန္ေတာ္နဲ႕ မထိုက္တန္ဘူးေလ။ ကြၽန္ေတာ္ဆိုတာ သူမနဲ႕ယွဥ္လိုက္ရင္ မည္းညစ္ေနလြန္းတယ္။ သူမကဘယ္ေလာက္ထိ ျဖဴစင္လြန္းလဲ ဆိုရင္ ကြၽန္ေတာ္ သူမကို ထိေတြ႕လိုက္ရင္ေတာင္ ကြၽန္ေတာ့္အညစ္အေၾကးေတြ သူမဆီ စြန္းထင္းသြားနိုင္တဲ့အထိဘဲ။

ဒါေၾကာင့္မို႔ ကြၽန္ေတာ္ သူမနဲ႕ေဝးေဝးေနသင့္တယ္ေလ။ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ သူမနဲ႕ေဝးေဝးေနဖို႔ တြန္းအားေပးခဲ့ေပမဲ့လည္း ေနာက္ဆုံးေတာ့ မျဖစ္ေျမာက္ခဲ့ပါဘူး။ ဘာေၾကာင့္ဆို ကြၽန္ေတာ္မသိလိုက္ခင္မွာဘဲ သူမက ကြၽန္ေတာ့္ရဲ႕အသက္ျဖစ္ေနခဲ့ၿပီေလ။

****
ဖတ္ရင္းနဲ႕ ထင္ျမင္ခ်က္ေလးေတြ ေျပာေပးေနာ္ မဟုတ္ရင္ ရွယ္ပလန္နဲ႕ စိတ္ေကာက္မွာ

ချစ်လွန်းလို့ရူးWhere stories live. Discover now