802 55 1
                                    

*****

(3)

နေပူပူထဲမှာ ရပ်နေရတဲ့ ဒုက္ခ က ဘယ်လောက် ဆိုးရွားတယ်ဆိုတာ ဒင်းမသိဘူးထင်ပါရဲ့။ ရောက်ပြီလို့ပြောပြီး ခုထိရောက်မလာသေးဘူး။
အဲ့လိုတွေမတိကျလို့ သူရောကျွန်မရော ဒုက္ခရောက်ပြီးပြီကို ခုထိမမှတ်ဘူး။ ဆိုင်ကယ်ကိုထောက်မှီရပ်ပြီး ဖုန်းကြည့်ဖို့ ထုတ်လိုက်မိတော့ ဖုန်းအားက ကုန်ခါနီးပြီ။ အဲ့တာကို တွေ့တော့ ကျွန်မရင်ထဲ ချည်စူးစူးတောင် ဖြစ်သွားသေးတယ်။ နောက်ထပ်ဒုက္ခရောက်ရတဲ့အကြောင်းက အမြဲဖုန်းအားသွင်းဖို့ မေ့တက်တာကြောင့်လည်းပါတယ်လေ။

"မောင့်သက်ငယ်"

ကျွန်မနာမည်ကြီးကို တစ်လုံးတည်းတစ်ခဲတည်း အခေါ်ခံလိုက်ရတော့ အောင့်သက်သက်ဖြစ်သွားပြန်ပြီ။ မိဘ တွေကတော့ ချစ်စနိုးနဲ့ ပေးခဲ့တာထင်ပါရဲ့။ ဒါပေမဲ့လည်း သူများတွေ ခေါ်တဲ့ခါတော့ တော်တော်နားဝင်ခက်တယ်လေ။

"နေပူလို့ ကိုကြီးကိုအော်ချင်နေတာလား"

ကျွန်မလှည့်ကြည့်လိုက်တော့ မျက်ခုံးကိုပင့်ပြရင်း နင်ပြော​တော့မှာ ငါသိတယ်ဆိုတဲ့ ပုံနဲ့လုပ်ပြနေတယ်။ အမှန်ဆို သူနဲ့ကျွန်မ လူချင်းမတွေ့ကြတာ နှစ်လကျော်လောက်တော့ရှိရောပေါ့။ ဒါပေမဲ့လည်း ကိုသွင်ထူးညီက သူ့စံနှုန်းနဲ့အညီ ချောနေတုန်းပါဘဲ။ အရင်ကတော့ စဥ်းစားဖူးတယ်။ သူနဲ့ပြန်ပြီး လူချင်းတွေ့တဲ့အခါ မျက်နှာပူနေရမလားလို့ပေါ့။ ဒါပေမဲ့လည်း ခုအခြေအနေအရဆိုရင် ပူစရာမလိုလောက်ဘူးရယ်။ ကျွန်မတို့ကြားက ကိစ္စမရှိခဲ့သလို နေလို့ရလောက်တယ်။

"ကြည့်ဦး နှစ်လနဲ့ နှစ်ဆယ့်ရှစ်ရက်တောင်မတွေ့ရတာကို အရပ်ကထပ်ရှည်မလာဘူး"

ကဲ ကြည့်။ ကျွန်မခေါင်းကို ဆွဲဖိပြီး လူကိုရင်နာစေတဲ့စကားတွေစပြောပြီ။ တကယ်တော့ ကျွန်မအရပ်က ငါးပေသုံးတော့ရှိပါတယ်နော်။ သူကိုကအရပ်ရှည်လွန်းနေလို့ ယှဥ်ရင်ပုတယ်လို့ထင်ရတာကို အမြဲနှိမ်ပြီး ပြောနေတော့တာဘဲ။

"ရန်လာစမနေနဲ့ ညီမကလူကြီးဖြစ်နေပြီမို့လို့ တုပြီးရန်မဖြစ်ချင်ဘူး ဖယ်"

ချစ်လွန်းလို့ရူးWhere stories live. Discover now