689 46 0
                                    

*****
(5)

ကျွန်မဘေးမှာ ငုတ်တုတ်လာထိုင်နေတဲ့သူကို မျက်လုံးစွေကြည့်လိုက်မိတော့ သူကရယ်ပြလာတယ်။ ရယ်ပုံကိုကြည့် စိတ်မမှန်တဲ့သူလိုဘဲဟယ်။ ဒါပေမဲ့လည်း သူ့ရုပ်လေးက ကယ်နေတော့ အဆင်တော့ပြေပါသေးတယ်လေ။

"ဒီရုံးမှာ စစ်လို့ပြီးပြီမဟုတ်လား မပြန်သေးဘူးလား"

"မပြီးသေးဘူး ကျန်သေးတယ် ပြီးတော့ ကို့ဆရာကလည်း နောက်တစ်ပတ်သူနဲ့မှတူတူ မိုးကုတ်ကူးရအောင်ဆိုလို့စောင့်နေတာ"

သူ့အဖြေကြောင့် ကျွန်မခေါင်းညိတ်ပြီး သိပြီဖြစ်ကြောင်းပြောလိုက်တယ်။ ပြီးတော့ ရီပို့စ် အတွက်ဆက်လုပ်နေလိုက်တယ်။ သူဘေးမှာမရှိဘူးလို့ သတ်မှတ်ပြီးတော့ပေါ့။ နောက်မှ ကို့ဆရာ ဆိုတဲ့စကားကိုသတိထားမိလို့ သူ့ကိုအလန့်တကြားကြည့်မိတော့ သူကလူယုတ်မာလို ပြုံးနေတာဘဲ။

"ဆရာဇေလား"

သူက ကျွန်မအမေးကို မျက်ခုံးပင့်ပြီး အဖြေပေးလာတယ်။ တကယ်သာ ဆရာဇေ လာမှာဆိုလို့ကတော့ ကျွန်မဖြင့်ရူးချင်တာဘဲ။ ကျွန်မတို့ရဲ့ အရှုပ်ထုပ်ကြီးကို ဒီရုံးကကလေးတွေတော့ သိကုန်တော့မှာလေ။

"ကြည့်ဦးရုပ်က ကြောက်နေမှန်း သိသာလိုက်တာ"

ပြောရင်းနဲ့ ကျွန်မခေါင်းကို လာဖွပြန်ပြီ။ ကျွန်မခေါင်းရမ်းပြီး ခါချတော့ သူကရယ်ရင်းလိုက်ထိနေတယ်။ ဒီလူကသူများမကြိုက်တာ လုပ်ရတာအရမ်းကြိုက်ပုံဘဲ။

"လူမြင်မကောင်းအောင် လျှောက်လုပ်မနေနဲ့ ကလေးတွေမြင်ရင် မCA က မင်္ဂလာဆောင်ပြီးတာတောင် အနေမတက်ဘူးလို့ပြောနေမယ်"

သူက ကျွန်မစကားကိုကြားတော့ ထပ်ရယ်ပြန်တယ်။ ပြီးတော့ သူ့လက်ကခေါင်းကိုမဟုတ်တော့ဘဲ ပါးတွေကိုလာဆွဲဖဲ့နေတယ်။

"ခင်ဗျားလေးက ယောကျာ်းရှိမှန်းတော့ သတိရသေးတယ်ပေါ့လေ ဟင်"

"သတိမရလို့မှမရတာ company တစ်ခုလုံး သိနေတာကို ဖယ်တော့အဲ့လက်ကြီး"

ကျွန်မ အဲ့အကြောင်းပြန်တွေးရင် တကယ်ကိုစိတ်ညစ်ရတာပါဆို။ ရည်းစားတောင်မထားလိုက်ရဘဲ ယောကျာ်းယူလိုက်ရတဲ့ ကိစ္စကတော်တော်ကို အဆင်မပြေတာပါ။ ယူလိုက်ရတဲ့ယောကျာ်းက ကျပ်မပြည့်တော့ပိုဆိုးသေးတယ်။ တကယ်လို့ သူသာကျပ်ပြည့်နေရင် ကိစ္စသေးသေးလေးအတွက်နဲ့ မဖြေရှင်းဘဲ လူကြီးစုံရာနဲ့လာတောင်းရမ်းစရာကိုမလိုတာကြီး။ မုန်းစရာကောင်းလိုက်တာ။

ချစ်လွန်းလို့ရူးWhere stories live. Discover now