1.5K 64 24
                                    

*****
(14)

မနက်မိုးလင်းတော့ အရက်နာကျနေတဲ့ အကိုကြီးအတွက် ကော်ဖီခါးခါးတစ်ခွက်နဲ့ သံပရာသီးခြမ်းတစ်ခြမ်း အဆင်သင့် စီစဥ်ပေးထားလိုက်တယ်။ သူကတော့ အိပ်ယာကနိုးလာရင် တအားတွေအံ့ဩနေတော့မှာဘဲ။ ဆရာဇေနဲ့ မနိုရာခေါ်ထားတာကို သတိရပေမဲ့ တစ်ယောက်တည်းရင်ဆိုင်ရမှာကြောက်နေလို့ အရက်သမားနိုးလာမှ တူတူခေါ်သွားဦးမယ်။ တစ်ယောက်တည်းပျင်းနေလို့ လျှောက်မွှေကြည့်လိုက်တော့ စာအုပ်တစ်အုပ်ထွက်လာတယ်။ အဲ့ဒါကိုဘဲအရက်သမားမနိုးလာမချင်း ထိုင်ဖတ်နေလိုက်တော့မယ်။

သိပ်တောင်မကြာလိုက်ပါဘူး လှုပ်ရှားသံရေးရေးလေး ကြားလိုက်ရတယ်။ ကျွန်မလည်းမသိချင်ယောင်ဆောင်ပြီး စာဆက်ဖတ်နေလိုက်သေးတယ်။ ဒါပေမဲ့လည်း တစ်ယောက်ယောက်က ကိုယ့်ကိုအကြာကြီး စိုက်ကြည့်ခံနေရတဲ့ ခံစားချက်က မကောင်းဘူးလေ။ ဟုတ်တယ်မလား။ စာအုပ်ကို ပစ်ချပြီးစိုက်ကြည့်နေတဲ့ တရားခံကိုကြည့်လိုက်တော့ သူကခေါင်းကိုတောင်လက်နဲ့ထောက်ပြီးကြည့်နေသေးတယ်လေ။ ကျွန်မသူ့ကို ဆူပုတ်ပုတ်နဲ့ကြည့်တော့မှ အသံတိုးတိုးလေးထွက်ရုံရယ်လိုက်ပြီး

"အစောကြီးထပြီး ဘာလုပ်နေတာလဲ"

"ကြီးပွားတိုးတက်ချင်တဲ့သူတွေက စောစောထတာသဘာဝဘဲလေ"

ကျွန်မလည်း မင်သေသေနဲ့ ပေါက်တက်ကရတွေထွက်နေတော့တာဘဲ။ သူက ကျွန်မစကားကြောင့် ထပ်ရယ်ပြန်သေးတယ်။

"ရယ်မနေနဲ့ထတော့ ဆရာဇေခေါ်ထားသေးတယ်"

"ကလေးငယ် တစ်ယောက်တည်းခေါ်တာမဟုတ်ဘူးလား"

ကျွန်မက သူမမှတ်မိဘူးအထင်နဲ့ ညာခေါ်မလို့ပါဆို သူကမှတ်မိနေတာလား။ ပြောတော့အရက်သမားတွေက အမူးပြေသွားတဲ့ခါ မမှတ်မိတက်ကြဘူးဆို။

ကျွန်မရဲ့ ပြောစရာစကားပျောက်သွားတဲ့ပုံကိုကြည့်ပြီး သူပြုံးနေတာ မုန်းစရာကောင်းလိုက်တာ။ နောက်ပြီး အိပ်ယာပေါ်ကထလာပြီး ကျွန်မကိုလာဖက်နေသေးတယ်။ ကျွန်မကထိုင်နေပြီး သူကမတ်တပ်ရပ်အနေအထားနဲ့ဖက်ခံထားရတော့ သူ့ကိုမြင်ဖို့ဆိုရင်ခေါင်းလန်အောင် မော့ကြည့်မှဘဲရမယ်။

ချစ်လွန်းလို့ရူးWhere stories live. Discover now