1.1K 54 0
                                    

*****
(1)

"SILO လာမှာတဲ့ သူကကြောက်စရာကောင်းလား"

"ဟေ့ လူပျိုလေးထင်တယ်နော် ကံကောင်းရင် ကိုယ့်အထက်လူကြီးကနေ ကိုယ့်ကောင်လေး ဖြစ်သွားနိုင်တယ် ဘာတွေကြောက်နေတာလဲ"

ကျွန်မတို့ Branch ကတော့ ဆူညံပလောရိုက်နေရောဘဲ။ အကြောင်းအရင်းရဲ့ အဓိကတရားခံကတော့ SILO ဖြစ်တဲ့ ကိုသွင်ထူးညီဆိုတဲ့ မင်းသားခေါင်းဆောင်းထားတဲ့ ပန်းစားဘီလူးကောင်ကြောင့်ဘဲလေ။ Branch က အသစ်ဆိုတော့ ဝန်ထမ်းလေးတွေကလည်းအသစ်ဘဲ။ သူတို့က HO က လူတွေမပြောနဲ့ Region ကလူတွေနဲ့တောင် တွေ့ဖူးကြတာမဟုတ်ဘူးလေ။ အဲ့တော့ SILO လောက်ကို ကြောက်စရာလို့ထင်နေကြပြီ။ ကျွန်မကတော့ ဒီကုမ္မဏီမှာ ဝန်ထမ်းသက်တမ်း 3 နှစ်ကျော်ပြီမို့လားမသိဘူး MD လာရင်တောင် ထူးပြီးရင်ခုန်မနေဘူး။ နောက်ပြီး SILO ဆိုတဲ့ ကိုသွင်ထူးညီက ကျွန်မနဲ့ တစ်နေ့တည်းတစ်ရက်တည်း ဒီကုမ္မဏီမှာအလုပ်တူတူဝင်ခဲ့ကြတာလေ။ နောက်ပြီး အတူတူတွဲပြီးအလုပ်လုပ်ရတဲ့ Partner တွေလည်း ဖြစ်ခဲ့သေးတယ်။ သူကသိပ်ကိုတော်ပြီး ကျွန်မထက်လည်းအတွေ့အကြုံပိုများတဲ့သူမို့ Level တစ်ခုပိုမြင့်တဲ့ရာထူးမှာရှိနေတာပေါ့။

"ခုလာမဲ့ ကိုသွင်က ရှင်တို့အစ်မCA ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းကြီး မေးချင်တာရှိသူ့မေး"

အဲ့စကားကြား ပြီးရော Field ပိုင်းက ကလေးတွေက ကျွန်မနားတစ်ပြုံကြီးဝိုင်းလာတော့တာဘဲ။ လက်တို့လိုက်တဲ့ ကျွန်မတို့ ရုံးခွဲမန်နေဂျာဖြစ်သူ မယူယူကတော့ ပြုံးပြုံးကြီး ကျွန်မကို ကြည့်နေလေရဲ့။ ရည်းစားရပြီးနောက်ပိုင်း သူတအားကိုဂျောက်တွန်းတက်လာတာဘဲ။

"အစ်မသက်ငယ် SILO က ချောလားဟင်"

"ခင်ဗျားအတွက် သူချောမချောကဘဲ အရေးကြီးသလား သဘောကောင်းမကောင်းဘဲ မေးပါ့လားဟယ်"

ခပ်မြူးမြူးလေးမေးလာတဲ့ ကောင်မလေးကို ညည်းညည်းငြူငြူလေးတောင် ကျွန်မပြောလိုက်မိသေးတယ်။ ချောမချောမေးရင် ကိုသွင်ကအရမ်းကိုချောတယ်လို့ ပြောရမဲ့အထဲပါတယ်လေ။ ဒါပေမဲ့လည်း သူချောကြောင်း ကျွန်မပါးစပ်ကနေ ထုတ်ပြီးမချီးမွှန်းပေးနိုင်ပါဘူး။ သူသာပြန်သိကြည့် သွားကြီးဖြီးပြီး ပြုံးစိစိနဲ့ ကျွန်မကိုစလို့ပြီးမှာ မဟုတ်တော့ဘူးလေ။

ချစ်လွန်းလို့ရူးWhere stories live. Discover now