647 48 0
                                    

*****
(11)

ကျွန်မရဲ့ ငယ်ကြောက်နှစ်ယောက်ရောက်လာတဲ့ချိန်က နေတောင်ဝင်စဖြစ်နေပြီ။ သူတို့အတွက်ကိုတော့ အခန်းလွတ်တစ်လုံးစီစဥ်ပေးရသေးတယ်။ မနိုရာက ဗိုက်ကြီးတကားကားနဲ့ဆိုပေမဲ့ သွက်လိုက်တာမှ လွန်ပါရော။ သူ့ကိုဗိုက်ကြီးမို့ ဂရုတစိုက်လေးနေဖို့ပြောတော့ သူ့ဗိုက်ရှိတာ မေ့သွားလို့တဲ့တော်။ မယူကလည်း ဆရာဇေတို့ကို နှုတ်ဆက်ဖို့ ခနတော့ လာပါသေးတယ်။ ပြီးတော့ သူ့ရဲ့ပိုင်ရှင်က လိုက်ခေါ်တော့ ပြန်ပါသွားရောဘဲ။ ဒါနဲ့ ရှင်တို့ကို ပြောရဦးမယ်။ မယူရဲ့ဒေါက်တာကလေ တအားကဲသည်းနေတာဘဲ သိလား။ အသက်တွေလည်း သုံးဆယ်နားနီးပြီမို့တော်သေးတယ် ငယ်တုန်းဆို ဘယ်လိုတောင်နေမလဲမသိဘူးနော်။ အာ...ပြောသာပြောရတယ်။ ကျွန်မရဲ့ အကိုကြီးသွင်ထူးညီဆိုလည်း အသက်က ၃၀ ထဲတောင်ရောက်နေပြီ။ ခုထိရူးသလိုလို ပေါသလိုလိုဖြစ်တုန်းလေ။ ရုပ်ကလေးကယ်နေလို့သာ ခံသာတာပါ။

"မောင့်သက်ငယ်"

မနိုရာရဲ့ ခေါ်သံကြားမှ သူ့အခန်းကိုကူသန့်ရှင်းပေးနေရင်း လှည့်ကြည့်မိတယ်။ သူကကုတင်ကိုပုတ်ပြပြီး သူ့နားလာထိုင်ဆိုတဲ့ ဟန်ပြလာတယ်။ ကျွန်မ စိတ်ထဲမှာတော့ တရားဟောခံရတော့မယ်ဆိုပြီး စိတ်ညစ်နေပေမဲ့ မျက်နှာမှာလည်း မဖော်ပြရဲဘူးလေ။

"ကိုသွင်နဲ့ အဆင်ပြေကြလား"

"ဟုတ် ပြေပါတယ်"

ကျွန်မရဲ့ဖြေပုံကိုကြည့်ပြီး မနိုရာက မျက်မှောင်ကုပ်သွားတယ်။ ဒါဆို သူတစ်ခုခုကို အလိုမကျတော့ဘူးဆိုတဲ့ အဓိပ္ပါယ်ဘဲ။ ကျွန်မ ဘာများအမှား လုပ်မိတာပါလိမ့်။

"သက်ငယ် ကိုသွင်ကအလိုလိုက်တိုင်း ဆိုးလို့မရဘူးနော် ညီမလေးတို့နှစ်ယောက်က လက်ထပ်ပြီးသွားပြီ အိမ်ထောင်သည်တွေဖြစ်သွားပြီ သိလား"

"ဟုတ်"

ကျွန်မလည်း အဲ့ကိစ္စကိုသိပါတယ်နော်။ အစ်မနိုရာက ဘာလို့ဒါကြီးကို ထပ်ပြောနေလဲတော့ မသိပါဘူး။ သူ့မျက်နှာမှာ စိတ်မောတယ်ဆိုတဲ့ အဓိပ္ပါယ်ကြီးလဲ ပေါ်လွင်နေသေးတယ်။

"အစ်မပြောတဲ့ အဓိပ္ပယ်ကို တကယ်နားလည်ရဲ့လား"

သူ့ရဲ့တွန့်ကွေးထားတဲ့ မျက်ခုံးတွေကို မဖြေလျော့သေးဘဲ ကျွန်မကိုစူးစိုက်ကြည့်ပြီးပြောလာတယ်။ ကျွန်မကိုကျွန်မတောင် နားလည်တာသေချာရဲ့လား ပြန်မေးမိတဲ့အထိဘဲ။ အလိုလိုဘဲ ကျွန်မလက်တွေက လည်ပင်းကိုပွတ်မိသွားပြီ။

ချစ်လွန်းလို့ရူးWhere stories live. Discover now