939 54 19
                                    

*****
(13)

ငိုရင်းအိပ်ပျော်သွားပြီး တစ်ရေးနိုးလာတော့ သူအခန်းထဲမှာ ရှိမနေဘူး။ မနက်စာ သွားပြင်ဆင်နေတယ်ထင်ပါရဲ့။ မနေ့ညက ကိစ္စကအရမ်းကို နေရခက်စေလို့ သူနဲ့မတွေ့သေးတာလည်း အဆင်ပြေတာပါဘဲလေ။ နာရီကိုကြည့်မိတော့ ည၁၂ ဘဲရှိသေးတယ်။ ဒါဆိုသူဘယ်သွားတာပါလိမ့်။ ညနေကထမင်းမစားဘဲ အိပ်ပျော်သွားလို့ထင်ပါရဲ့ ဗိုက်ကစာလာတယ်။ တစ်ခုခုစားဖို့ရှာမလို့ ထမင်းစားခန်းကိုဆင်းသွားတော့ ဆရာဇေနဲ့ ကိုသွင် နှစ်ယောက်လုံး ထမင်းစားပွဲမှာ ထိုင်နေကြပြီး သောက်ရင်း စကားပြောနေကြတယ်။ သူတို့ ကျွန်မကိုမမြင်ကြဘူး။ ဘာကြောင့်ဆို ကျွန်မက အခန်းထဲ မဝင်ရသေးလို့လေ။ သူတို့စကားသံတွေက ညမို့ထင်ပါရဲ့ အတိုင်းသားကြားနေရတယ်။ ကိုသွင်က ဝမ်းနည်းနေတာလား။

"ကိုသွင် ခင်ဗျားက သူ့ကိုအလိုလိုက်လွန်းတယ် အဲ့ဒါက ဒုက္ခရောက်နေတာ"

ဆရာဇေက ကိုသွင်နဲ့အသက်သိပ်မကွာဘူး။ အဲ့ဒါကြောင့် သူတို့ကသူငယ်ချင်းတွေလို ပေါင်းကြတယ်။ ခုလည်း ဘာဖြစ်တာပါလိမ့်။ ကျွန်မကိုမပြောပြဘဲ ဆရာဇေ တစ်ယောက်တည်းကိုလာပြောပြတာမို့ ပိုသိချင်သေးတယ်။ ခိုးနားထောင်တာက မကောင်းဘူးဆိုပေမဲ့လည်း မတက်နိုင်ဘူးလေ။ သိချင်တာကိုး။

"ခင်ဗျား သူ့ကိုချစ်လား"

ဟယ်...သူတို့က ဘယ်သူ့အကြောင်းပြောနေကြတာပါလိမ့်။ ကိုသွင်က တစ်ယောက်ယောက်ကြောင့် အသည်းကွဲနေတာလား။ အဲ့ဒါကြောင့် ကျွန်မကိုစိတ်ဖြေဖို့ လုပ်တာပေါ့လေ။ ဝန်မခံချင်ပေမဲ့ ရင်ဘက်က နည်းနည်းတော့ အောင့်သွားသေးတယ်။ ကျွန်မက အစားထိုးခံ တစ်ယောက်လိုဘဲ။ အဲ့ဒါက လက်ထပ်တာရောအပါအဝင်ဘဲ။ ကိုသွင့်နောက်ဆုံးကောင်မလေးက ကျွန်မနဲ့ကိုသွင်ရဲ့ ဘာမဟုတ်တဲ့ ပြဿနာကိုသိသွားလို့ထင်ပါရဲ့။ အခြားတစ်ယောက်နဲ့ လက်ထပ်သွားတယ်လေ။ အဲ့မှာ သူကလည်း ရွဲ့ပြီး ကျွန်မကိုလာတောင်းခဲ့တာတဲ့။ အဲ့ကိစ္စကို ကျွန်မသိတာ နည်းနည်းတောင်ကြာပြီ။ ဒါပေမဲ့လည်း သူတို့ပျက်တာ ကျွန်မကြောင့်မို့ အားနာလို့သာ မပြောခဲ့ရတာ။

သူခေါင်းညိတ်ပြလိုက်တာထင်ပါရဲ့။

"အဲ့ဒါဆို သူ့ကိုဖွင့်ပြောလိုက်လေ ရှင်းရှင်းလေးဘဲမဟုတ်ဘူးလား"

ချစ်လွန်းလို့ရူးWhere stories live. Discover now