670 44 0
                                    

*****
(7)

မနက်ခင်းနေရောင်က ကျွန်မမျက်နှာကိုလာထိုးတော့မှ နေအတော်မြင့်နေပြီမှန်း သိလိုက်တယ်။ ပိတ်ရက်လည်းဖြစ်တာမို့ နိုးစက်လည်း ပေးမထားမိဘူးလေ။ ဒါပေမဲ့နည်းနည်းတော့ ထူးဆန်းနေတယ်။ ကျွန်မဘေးမှာ အရင်ကဆို မိုးလင်းတာနဲ့ တိုးတိုး တိုးတိုးဖုန်းပြောနေတက်တဲ့ မနေခြည် တစ်ယောက်ရဲ့ အသံလည်း မကြားရဘူး။ လူတစ်ယောက်ရှိနေမှန်းတော့ ခံစားမိပေမဲ့ပေါ့လေ။ အာ...နောက်ထပ် ထူးဆန်းတာ တစ်ခုလည်းရှိသေးတယ်။ အိပ်ယာက တအားအိလွန်းပြီး ကျယ်နေတယ်လို့ ခံစားနေရတယ်။ ကျွန်မဖက်လုံးကိုဖက်ဖို့ လက်လှမ်းလိုက်ပေမဲ့ ဖက်လုံးကိုရှာမတွေ့ဘဲ မာတောင့်တောင့် ခန္ဓာကိုယ်တစ်ခုကိုဘဲ စမ်းမိသွားတယ်။ မှိတ်ထားရင်း မျက်ခုံးတွေကိုတွန့်လိုက်မိသေးတယ်။ ဒါမနေကို ထိရတဲ့ အထိအတွေ့မျိုးမဟုတ်ဘူး။

"မနေ"

ကျွန်မ အိပ်ချင်မူးတူးအသံနဲ့ ခေါ်ကြည့်လိုက်သေးတယ်။ ပြန်ထူးသံကြားမလာလို့ မျက်လုံးဖွင့်ကြည့်မိတော့ ကျွန်မဖြင့် လန့်လို့သေတော့မလိုဘဲ။ ကျွန်မဘေးမှာ ပြုံးပြုံးကြီးလှဲနေတဲ့ ကိုသွင်ထူးညီကို တွေ့လိုက်တာလေ။ ကျွန်မ ဦးနှောက်က မြန်မြန်အလုပ်မလုပ်နိုင်သေးဘူး ထင်ပါရဲ့။ သူ့ကိုဘဲ ကြောင်ကြည့်နေမိတော့တယ်။ အာ...ပြောမဲ့သာပြောရတယ်။ သူတအားချောတာဘဲ။ အိပ်ယာထစမို့ ထင်ပါရဲ့ မျက်လုံးတွေက မွဲတယ်လေနော်။ သူကခေါင်းကို လက်ထောက်ပြီး တစောင်းလှဲရင်း ​ကျွန်မကိုကြည့်နေတာ တကယ်ကြာနေပြီထင်ပါရဲ့။ ကျွန်မကြောင်ကြည့်နေတာကို မြင်တော့ သူအသံတိုးတိုးလေးနဲ့ရယ်ရင်း ကျွန်မနှာခေါင်းကို လာဆွဲလိမ်နေတယ်။ လက်တအားသရမ်းတာဘဲ။

"ထတော့ မျက်နှာသစ်လိုက်ဦး အပျင်းထူမနေနဲ့"

"ကိုကြီးက ဘယ်လိုလုပ်ဒီအခန်းမှာရောက်နေတာလဲ"

ကျွန်မ သူ့ကို အရင်ဆုံးမေးမိတာ အဲ့ဒီမေးခွန်းတဲ့လေ။ ယုတ္တိမရှိလိုက်တာ။ သူကကျွန်မမေးခွန်းကြားတော့ ထပ်ရယ်ပြီး ကျွန်မပါးတွေကို ဆွဲလိမ်ပြန်တယ်။

"ဆရာမလေး ဘယ်သူ့အခန်းလဲ သေချာမျက်လုံးလေးဖွင့်ကြည့်ဦးဗျ"

ချစ်လွန်းလို့ရူးWhere stories live. Discover now