681 46 1
                                    

*****
(9)

မနေခြည်ဆီကနေ တစ်နေကုန်နီးပါး အပြစ်တင်ခံနေရပြီး အဆုံးမှာတော​့ သူလည်း မောလို့ထင်ပါ့ ရပ်သွားပြီ။ ဒီ Branch တစ်ခုလုံးမှာ ကျွန်မနဲ့ကိုသွင်ထူးညီ က လက်ထပ်ထားတယ်ဆိုတာ သိခဲ့တာဆိုလို့ BM ဖြစ်တဲ့ မယူမီကိုကို တစ်ယောက်ဘဲရှိတာ။ သူကလည်း နှုတ်လုံတော့ အခြားဘယ်သူမှတောင်မသိခဲ့ဘူး။ ခုတော့ တအံ့တဩတွေ ဖြစ်နေကြပြီ။ ရုံးမဖွင့်သေးပေမဲ့လည်း တစ်ရုံးလုံးက ကလေးတွေအကုန်သိကုန်လောက်ပြီမှန်းတော့ တွေးမိပါတယ်။

"ကလေးငယ် ထွက်ခဲ့ဦး"

ကျွန်မတို့အခန်းတံခါးကို ခေါက်ပြီး ထွက်ခဲ့ဖို့ခေါ်နေပြီ။ ညိမ်ပြီး ဖုန်းကြည့်နေတဲ့ မနေခြည်က ပြုံးစိစိနဲ့ ကြည့်လာလို့ မျက်စောင်းထိုးခဲ့ရသေးတယ်။

"ဘာလဲ ပြော"

ကျွန်မ တံခါးလေးနည်းနည်းဟပြီး မေးလိုက်တာဆိုပေမဲ့ ဒင်းကလက်ကနေလှမ်းဆွဲပြီး အပြင်ထုတ်လို့ မှောက်လဲတော့ မလို့တောင် နည်းနည်းဘဲလိုတယ်။

"ဆောရီးဆောရီး နာသွားသေးလား"

သူက ပြာပြာသလဲ ထိန်းပေးရင်း မေးလာတော့ မျက်စောင်းထိုးပြီး နှုတ်ခမ်းဆူလိုက်မိသေးတယ်။

"ဘာလို့ဇွတ်လုပ်တာလဲ လဲသွားရင်ရုပ်ပျက်ဆင်းပျက်ဖြစ်တော့မှာ သူဖြစ်တာလဲ မဟုတ်ဘူး"

"တံခါးပြန်ပိတ်သွားမှာ စိုးလို့လေ ကလေးသာဖြစ်ရင် ကိုယ်ဖြစ်တာနဲ့တူတူဘဲ အဲ့ထက်တောင်ပိုဦးမယ်"

သူ ကျွန်မကို ကလူတူတူစကားတွေ လာပြောနေပြန်ပြီ။ သူကအရင်ကလည်း အဲ့လိုဘဲ။ တအားကလူကျီစယ်ပြီးပြောတက်တာ။ တစ်ခြားသူဆို ဘုတ်ကနဲ ကြွေသွားနိုင်ပေမဲ့ ကံဆိုးစွာနဲ့ ပြောခံရတဲ့သူက ကျွန်မဖြစ်နေတယ်လေ။

"တော်စမ်းပါ ကိုယ့်ရည်းစားကိုယ်သွားပြော"

ကျွန်မပါးစပ်က အကျင့်အရ လွတ်ကနဲထွက်သွားပြန်ပြီ။ ဒါအရင်ကပြန်ပြောနေကြ စကားဆိုပေမဲ့ ခုလက်ရှိပြောလို့သင့်ရဲ့လား မတွေးတက်တော့ဘူး။ သူ့ကိုအားနာနာနဲ့ မော့ကြည့်မိတော့ သူကကျွန်မကို စိုက်ကြည့်နေတယ်။ အနေခက်လိုက်တာနော်။ ဒါပေမဲ့လည်း မတက်နိုင်ဘူးလေ။ ပြောပြီးတဲ့စကားက ပြန်နုတ်လို့မှ မရတဲ့ဟာကို။

ချစ်လွန်းလို့ရူးWhere stories live. Discover now