708 46 2
                                    

*****
(12)

ကျွန်မအိပ်ယာပေါ်မှာ မှောက်ခုံလေးလှဲနေပြီး ခြေပစ်လက်ပစ်နေလိုက်မိတော့တယ်။ တစ်ဖြေးဖြေးနဲ့ ဘယ်လိုအိပ်ပျော်သွားမှန်းတောင် မသိလိုက်ဘူး။ ကျွန်မခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ်ဖက်ခံလိုက်ရမှသာ အသိစိတ်ပြန်ကပ်လာတော့တယ်။ လတ်ဆက်တဲ့ ရနံ့လေးရနေပုံအရတော့ ကိုသွင်ရေချိုးပြီးခါစထင်ပါရဲ့။ အိပ်ချင်စိတ်ကလည်းရှိနေပြီး ဇိမ်ခံတက်တဲ့ ဓာတ်ခံကလည်းရှိနေတော့ သက်တောင့်သက်သာရှိတဲ့ ကိုသွင့်ဆီဘဲ အတင်းတိုးကပ်သွားမိတော့တယ်။
သူက ကျွန်မခေါင်းကနေလက်တစ်ဖက်နဲ့ ထိန်းကိုင်ထားပေးပြီး တစ်ဖက်က ခါးကနေ တင်းတင်းလေးပွေ့ထားပေးတယ်။ ပြီးတော့ ကျွန်မဆံပင်တွေနဲ့ နားရွက်တွေနားကို တိုးကပ်ပြီး သူ့နှုတ်ခမ်းနဲ့ ဖွဖွလေးထိလာတော့တာဘဲ။ပြီးတော့ နားထင် ပြီးတော့ မျက်နှာအနှံ့ဘဲ။ ဒီလူတအား အသားယူတာဘဲ။

"ကိုကို့ဇနီးလေး"

သူ့အသံက တိုးတိုးလေးနဲ့ ချစ်ခြင်းတွေပြည့်နေသလိုဘဲ။ အသည်းယားစရာကြီး။ ကိုသွင်အဲ့လို ကလူတူတူပြောတက်လို့ မိန်းကလေးတွေက အရမ်းသဘောကျကြတာနဲ့တူပါရဲ့။

"ကိုကို့ကလေးလေး ကိုကို့အသည်းငယ်လေး"

သူကတစ်ခါပြောရင် တစ်ခါဖက်တာပိုတင်းကြပ်သွားသလိုဘဲ။ ကြာတော့ အသက်ရှုခက်လာတော့မယ်။ သူ့နှုတ်ခမ်းတွေ မျက်လုံးပေါ် ဖိကပ်လာတော့ ယားကျိကျိနဲ့ အနေခက်လိုက်တာ။ တော်သေးတာက ကျွန်မနှုတ်ခမ်းတွေကို သူမထိလို့။ မဟုတ်ရင် ကျွန်မတော့ ငိုမှာဘဲ။ အဲ့ဒါကတော့ နည်းနည်းလွန်တယ်လို့ ခံစားရလို့လေ။

"နိုးပြီလား ရေချိုးဦးမလား"

သူ့အမေးကို အသံသဲ့သဲ့လေးထွက်ပြီးသာ တုန့်ပြန်မိတယ်။ ဘာကြောင့်ဆို ထရမှာ တအားပျင်းလွန်းလို့လေ။ အဲ့လူကတော့ တိုးဖွဖွလေးရယ်နေရင်းကနေ ခပ်တင်းတင်းဖက်ထားမှုကို ဖြေလျော့ပေးလာတယ်။ ပြီးတော့ မျက်နှာပေါ်ကိုလက်တစ်ဖက်နဲ့အုပ်ကိုင်ပြီး လက်မနဲ့ မျက်တောင်တွေကို လာပွတ်နေပြန်ပြီ။ ဟော...သူသက်ပြင်းချလိုက်ပြီ။ ဒီရက်ပိုင်း သူတအားသက်ပြင်းချလို့ အသက်တောင်တိုစရာ ကျန်သေးရဲ့လားမသိတော့ဘူး။

ချစ်လွန်းလို့ရူးWhere stories live. Discover now