*****
🙅🙅♂️အသက်၁၈အောက်ကလေးတွေမဖတ်နဲ့နော် အလွန်အကျွံတော့မဟုတ်ပေမဲ့ အနည်းငယ်ပါတာမို့🙅♂️🙅မနိုရာနဲ့ ဆရာဇေတို့ပြန်သွားပေမဲ့ ကိုသွင်ကတော့ ကြောင့်ရယ်မသိဘူး မပြန်သေးဘဲ ကျန်နေခဲ့တယ်။ ပြီးတော့ မယူယူကလည်း လူမှုရေးကိစ္စလေးအချို့ရှိသေးလို့ဆိုပြီး ခွင့်ယူသွားသေးတယ်။ ပုံမှန်ဆို Handover က ကျွန်မယူရမှာဆိုပေမဲ့ ခုတော့ ကိုသွင်ကယူပေးထားတယ်။ ကောင်းတာပါဘဲ ။ ကျွန်မအလုပ်ရှုပ်သက်သာတယ်လေ။ ပြီးတော့ ခုဆိုသူချက်ကျွေးတဲ့ ရှမ်းခေါက်ဆွဲကိုလည်းအရသာရှိရှိစားနေရသေးတယ်။ ကိုသွင်က အချက်အပြုတ်လည်းတော်သလို သန့်ရှင်းရေး ငွေကြေးစီမံတာကအစ အကုန်တော်နေပြီးသားပါ။ ဒီအပတ်က ပိတ်ရက်သုံးရက်တောင်ပိတ်ထားတာမို့ ရုံးမှာ အိမ်မပြန်ရဲတဲ့ကျွန်မနဲ့ ကိုသွင်ဘဲရှိနေတယ်။
"ကလေးငယ်"
"ဟင်"
သူ့ခေါ်သံကို ခေါင်းတောင်မမော့ဘဲ စားနေရင်းနဲ့အသံဘဲ ပေးလိုက်နိုင်တယ်။ သူကမတ်တပ်ရပ်နေရာကနေ အနားကခုံကိုဆွဲယူပြီး နှစ်ကိုယ်တစ်ကိုယ် ပေါင်းတော့မတက် ကပ်ထိုင်လာတယ်။ ကျွန်မလည်း ထူးပြီးပြောမနေချင်တော့တာမို့ အစားကိုဘဲအာရုံပိုစိုက်ထားလိုက်ရတယ်။
"စားလို့ကောင်းလား"
"ဒါပေါ့ ကမ္ဘာပေါ်မှာရှမ်းခေါက်ဆွဲကိုအရသာအရှိဆုံးချက်နိုင်တဲ့ ကိုကြီးရဲ့လက်ရာဘဲကို"
ကျွန်မကတော့ အစားကောင်းလေးစားရရင် အမြဲသူ့ကိုမြှောက်ပြောနေကြအတိုင်း အလွန်အကျွံ့မြှောက်ပြောလိုက်တာဘဲ။ သူက ခပ်တိုးတိုးလေးရယ်တယ်။
"ဆုမချချင်ဘူးလား"
သူ့အမေးကြောင့် စားနေရာကနေမော့ကြည့်မိတော့ တအားကိုမျက်နှာတွေက ကပ်နေလွန်းတယ်။ ပြီးတော့ သူကချောလွန်းလို့ အကြာကြီးကြည့်နေချင်စရာကြီးဆိုပေမဲ့ နည်းနည်းတော့ရှက်စရာကောင်းနေလို့ ခေါင်းပြန်ငုံ့ပြီးဘဲ အစားဆက်စားနေလိုက်တယ်။
"ဟင်...လို့ ကလေးငယ်"
သူကလေ 'ဟင်' ဆိုတာကြီးကို သံရှည်ဆွဲပြီးပြောလာတာ အသံက ကြားရရင်တောင်ကြက်သီးထစရာကြီးတော်။ ဒါပေမဲ့လည်း ဆက်ပြီးလစ်လျူရှုလို့တော့ မရတော့ဘူးလေ။
YOU ARE READING
ချစ်လွန်းလို့ရူး
Romance***** ကျွန်တော် သူမကို ချစ်လွန်းလို့ "ချစ်တယ်" လို့တောင် မပြောရက်ဘူး။ ဘာကြောင့်ဆို အဲ့ဒီစကားကို ကျွန်တော် ခနခဏ သုံးဖူးနေလို့လေ။ ကျွန်တော့်အတွက် အဲ့စကားလုံးက အရမ်းအပေါစားဆန်တာဘဲ။ **** ဒါလည်း Short Story လေးပါဘဲ။ ကိုကြီးရဲ့ ချစ်တက်မှုကြီးနဲ့ ညီမလေးရဲ့...