အရှေ့မှာ အာပေါက်မတတ်စာရှင်းပြနေတဲ့ ဆရာ့ဆီမှာ ဂယူဘင်းရဲ့ အာရုံကရှိမနေပါ။ အာရုံရော၊မျက်လုံးအကြည့်တွေက ဒုတိယအတန်းမှာထိုင်နေတဲ့ ယူဂျင်းဆီမှာသာ။ဂယူဘင်းကတော့ အမြဲ နောက်ဆုံးအတန်းမှာထိုင်နေတော့ နောက်ဆုံးခုံရော ၊နောက်ဆုံးအဆင့်ရော က သူ့အပိုင်လိုတောင် ဖြစ်နေပြီ။
ဆရာပြောသမျှ လိုက်မှတ်နေတဲ့ ယူဂျင်းက စတော်မယ့်ပုံပေါ်တာကြောင့် ဂယူဘင်းပြုံးလိုက်မိတယ်။ စာသင်နေတဲ့ တစ်ချိန်လုံးပြုံးတုံးတုံးလုပ်နေတဲ့ သူ့ကို သတိထားမိတဲ့ အတန်းသားတစ်ချို့က ရူးနေပြီလို့ထင်ကြလိမ့်မယ်။
ဟုတ်တယ်!!ကင်မ်ဂယူဘင်းက ရူးနေပြီ အချစ်ရူးလေးလေ။
အချိန်ကတော့ တစ်ပတ်ကြာသွားတဲ့အထိ ဂယူဘင်းက အဲ့ကောင်လေး ကို အဝေးကနေ လေ့လာနေတာ။
ဟန်ယူဂျင်းက စိတ်တိုရင်ဘယ်လိုပြုမူတတ်လဲ၊ ဆူပုတ်တတ်လဲ၊ပျော်ရင် ပြုံးရင် ရယ်လိုက်တဲ့အခါ ဘယ်လိုလေးဖြစ်နေသလဲဆိုတာက အစ လိုက်လေ့လာမိနေတာ။
ဟုတ်တယ်..ဂယူဘင်း က ဟန်ယူဂျင်းကို လိုက်တော့မှာ။
သဘောကျတယ်လေ! သဘောကျရင် ကိုယ့်အပိုင်ဖြစ်အောင် လုပ်ရမှာ သဘာဝမဟုတ်ဘူးလား။
အင်း..ဒါပေမဲ့ ဂယူဘင်းတို့ အခက်တော့တွေ့နေတယ်။
ဘယ်နည်းလမ်းကိုသုံးပြီး ဘယ်လိုခြေလှမ်း စလှမ်းရပါ့မလဲ။အမှန်ဆို ရှန်ချွမ်းရွေ့ရှိနေရင် ကောင်းမယ်။ သူက အတန်းထက် နောက်ဆုံးနှစ်တုန်းက အတူတူထိုင်ခဲ့တဲ့ desk mate လေ! အဲ့ကောင်က စာကို ကုန်းရုန်းလုပ်ပြီး တက္ကသိုလ်ရောက်သွားတယ်လေ။ အခုတော့ စာမလုပ်ပဲ ကျကျန်ခဲ့တဲ့ ဂယူဘင်းက သူငယ်ချင်းအသစ်လဲ မထားတော့ အထီးကျန်ရင်း ပေါ့..အဲ မဟုတ်သေးဘူး!! အဲ့အထီးကျန်တယ်ဆိုတာ က စကားအဖြစ်နဲ့ အာချောင်တာ။
ကင်မ်ဂယူဘင်းတို့ရဲ့ ဘဝက ဟန်ယူဂျင်းကို သဘောကျတဲ့နေ့ကစလို့ ပျင်းတယ်ဆိုတာမရှိ။ ဦးနှောက်ထဲ ဟန်ယူဂျင်း အကြောင်းလေ့လာရင်း ဘယ်လိုအပိုင်ကြံရမလဲသာ တွေးတောနေတာ။