•4•

467 68 6
                                    


*ဒုန်း*

ဒီအသံကတော့ ဂယူဘင်းတစ်ယောက် ကုတင်ပေါ်ခုန်တက်လိုက်လို့ ချော်ပြီး ခြေထောက်နဲ့ ကုတင်ဘောင်နဲ့တိုက်မိတဲ့အသံဖြစ်သည်။

ဒါတွေကို ဂယူဘင်းမမှုပါ။ ခေါင်းအုံးကို တစ်အုန်းအုန်း ထုရိုက်ပြီး အားကနဲ အော်လိုက်ပြီး ခြေထောက်ကိုလဲ လေထဲ ကန်နေလိုက်သေးတယ်။

ရင်ခုန်သံစဉ်လေးတွေက ခုထိ မြည်ဟည်းနေတော့ ရင်ပါတုန်တက်လာရသည်။

ဘုရားရေ..ကင်မ်ဂယူဘင်းရေ..မင်းတော်တော်ဖြစ်နေတာပဲ ဟမ့်!

အချစ်က အဖျားတစ်ခုဆိုရင် သူကုသဖို့လိုအပ်နေပြီမဟုတ်လား။ ဒေါက်တာ ဟန်ယူဂျင်းဆီမှာလေ..

မဖြစ်တော့ဘူး..ဘိုကင်တင်ထားရတော့မယ်။

သူများတွေက အချစ်အတွက်ချဉ်းကပ်မယ်ဆိုရင်

အရင်ဆုံးမိတ်ဖွဲ့မယ်၊အဆင့်တက်မယ်၊ ရည်းစားစကားပြောကြမယ်။ အဲ့သလို!

သူကတော့ နံပါတ်၁မှာကတည်းက အာဘွားပေးပစ်ချင်နေပြီ။ ဆန္ဒကို သိက္ခာနဲ့တော့ထိန်းရမယ်..

*ဝုန်း*

ဒီဒုတိယမြောက်ဂယက်ထတဲ့ အသံကတော့ ကုတင်ပေါ်ကနေ အကြမ်းပတမ်းဆင်းလိုက်တဲ့ အသံ။

ကိုယ်လုံးပေါ်မှန်ရှေ့မှာ သွားရပ်လိုက်ပြီး အရင်ဆုံးချောင်းဟမ့်လိုက်ကာ မျက်နှာထားကို အတတ်နိုင်ဆုံး တည်ပစ်လိုက်သည်။ မျက်ခုံးကိုလဲ တစ်ဖက်ကိုသာ ပင့်တင်ပြီး မျက်ခုံးနှစ်ဖက်ကို ကြုတ်ကြည့်လိုက်တယ်။

အဲ မဆိုးဘူးဟ! ကင်မ်ဂယူဘင်းတို့ မိုက်သား

ဘယ်လိုမာန်မာနမျိုးပြရမှာပါလိမ့်!
သူက အဲ့လိုတွေမှ မကျွမ်းကျင်ပဲ..ဟိုကောင် ချွမ်ရွေ့ကတော့ ကျွမ်းစိန်လေ။ သူ့အိမ်က အစ်က်ိုထယ်ရယ်ကိုဆို အဲ့ကောင်က မာန်မာနပညာတွေသိပ်ပြချင်တာ ပြီးရင် ဟုတ်တာလဲမဟုတ်..ကျစ်။

"အဟမ်း..ဟန်ယူဂျင်း..ဒီကိုလာခဲ့စမ်း"

မှန်ရှေ့မှာ ဂယူဘင်းက လက်ယက်ခေါ်တဲ့ပုံစံသရုပ်ဆောင်ကြည့်တယ်။

"ဟိတ်..ချာတိတ် ကိုယ့်နားလာခဲ့စမ်း.."
အား..ဖြစ်သေးပါဘူး ဘာကြီးလဲ ကျောချမ်းလိုက်တာ။

𝖲𝗍𝖺𝗋-𝖢𝗋𝗈𝗌𝗌𝖾𝖽 𝖫𝗈𝗏𝖾𝗋𝗌Where stories live. Discover now